ဟောင်းသွားပြီ
အရင်လိုနေ့ရက်များပြန်မရနိုင်တော့ဘူး
ရက်စက်တဲ့ ကံကြမ္မာရယ်
ပြီးသွားပြီ ဒီကမ္ဘာမြေ၌
ငါတို့ဆုံစည်းမဲ့သက်တမ်း
ပြောခဲ့ပါ ဘယ်ဝဋ်ကြွေးလဲ
ငါတစ်ယောက်တည်း အသက်မရှင်တော့တယ်
နင်ရှိသောအရပ်လိုက်ခဲ့ရမလား
ငါလေရူးမိုက်စွာလိုက်ပြီးရှာဖွေ
ဒါပေမယ့် မင်းအရိပ်တောင်မတွေ့ဘူး
ဘေဘီ နင်ပျော်နေလား သာယာနေလား
ငါနဲ့ဝေးရာ ဟိုအဝေး
တစ်ခါတစ်လေ မိုးကောင်ကင်ပေါ်ကတိမ်တွေ
ငါလေဖြစ်လိုက်ချင်
အဘယ်ကြောင့်ဆိုသော်
နင်တည်ရာအရပ် ပျော်နေရာအရပ်နဲ့ သိပ်သိပ်နီးလို့
ရူးလောက်တဲ့ ဒဏ်ရာတွေနဲ့
ငါအခုရှင်သန်လျှက်သေနေပြီ
မင်းမရှိတဲ့ဒီလိုနေ့များ
ဒို့နှစ်ဘယောက်ရဲ့ ချစ်ခြင်း
ထာဝရာတည်နေမယ်
ဘဝအသစ်မှာ ပြန်ဆုံကြမယ်
ငါ့ခေါ်သံကြားလား အနားမှာရှိပေးကွာ
ဒီမျက်ရည်တွေခမ်းခြောက်တဲ့ အထိငိုရမလား
ဘဝမှာနင်မရှိတော့တဲ့ အတွေးတွေဝင်တိုင်းငါ
ရူးခါစွာ ဖြစ်ပျက်တဲ့အဖြစ် နင်မမြင်ဘူး
ငါလေရူးမိုက်စွာလိုက်ပြီးရှာဖွေ
ဒါပေမယ့် မင်းအရိပ်တောင်မတွေ့ဘူး
ဘေဘီ နင်ပျော်နေလား သာယာနေလား
ငါနဲ့ဝေးရာ ဟိုအဝေး
တစ်ခါတစ်လေ မိုးကောင်ကင်ပေါ်ကတိမ်တွေ
ငါလေဖြစ်လိုက်ချင်
အဘယ်ကြောင့်ဆိုသော်
နင်တည်ရာအရပ် ပျော်နေရာအရပ်နဲ့ သိပ်သိပ်နီးလို့
Поcмотреть все песни артиста
Sanatçının diğer albümleri