Lynn Lynn - တိမ်လိုလူ şarkı sözleri
Sanatçı:
Lynn Lynn
albüm: စဥ်းစားပါ
ဘယ်လောက်ထိ
အခါခါ ကြိုးစားလည်း
မထူးတော့တဲ့ ဘဝပါ
သြော် သေတဲ့အထိ
အမှောင်မှာ ရုန်းထွက်မရ
အလင်းပျောက်မဲ့ ဘဝပါ
ဘယ်ကံအငြိုးများ
ဒီအချိန်ထိ ငါ့နောက်
အရိပ်တစ်ခုလို လိုက်ကာ
သြော်ဘယ်တော့များမှ
အရာရာ ငြိမ်းချမ်းမယ့် ဘဝ
ဘယ်တော့မှ ဘယ်တော့မှ
ငါ စိတ်ကူးကြည့်လိုက်တိုင်း
အကုန်လွင့်ပျောက်ကာ
ဘဝဟာ အိပ်မက်မက်သလို ဝိုးတဝါးပါ
ငါ စိတ်ကူးကြည့်လိုက်တိုင်း
မြူခိုးလို လွင့်ပျောက်ကာ
အိပ်မက် မက်သလို ငါ့ဘဝဟာ
သြော် မိုးသားတွေအတိုင်း
ဝိုးတဝါးပါ
♪
အနှောင်အဖွဲ့များကင်းရာ ဘယ်ဆီမှာ
အနောက်ကလိုက် လိုက်ရှာကာ
ခြေခွင်လဲကျကာ ဒဏ်ရာတွေသာ
ဒီ ရင်ခွင်မှာ
အသူရာ ချောက်နက်ကြီးရဲ့
ဟိုးတစ်ဖက် ဟိုးတစ်ဖက်ဆီ ငါ
လည်ပြန် ငေးကြည့်ပြီး
စိတ်ကူးလိုက်တိုင်း
ငါ စိတ်ကူးကြည့်လိုက်တိုင်း
အကုန်လွင့်ပျောက်ကာ
ဘဝဟာ အိပ်မက်မက်သလို ဝိုးတဝါးပါ
ငါ စိတ်ကူးကြည့်လိုက်တိုင်း
မြူခိုးလို လွင့်ပျောက်ကာ
အိပ်မက် မက်သလို ငါ့ဘဝဟာ
သြော် မိုးသားတွေအတိုင်း
ဝိုးတဝါးပါ
♪
ငါ ပြန်တွေးကြည့်တော့
ခြေ လက်များ အေးခဲ
ငါရထားတဲ့ဘဝ
အတ္တ သုညတို့ အပြည့်ပါ
ငါ ခွန်အားရှိသမျှ
ကိုယ်လွတ်ရုန်းကြည့်တော့
သြော် ဘာမှမထူးဘူး
(မိုးတိမ်များလို) လွင့်မျောရင်း
လွင့်မျောရင်း (သြော် ဘာမှမထူးဘူး)
ငါ စိတ်ကူးကြည့်လိုက်တိုင်း
အကုန်လွင့်ပျောက်ကာ
ဘဝဟာ အိပ်မက်မက်သလို ဝိုးတဝါးပါ
ငါ စိတ်ကူးကြည့်လိုက်တိုင်း
မြူခိုးလို လွင့်ပျောက်ကာ
အိပ်မက် မက်သလို ငါ့ဘဝဟာ
သြော်
ငါ စိတ်ကူးကြည့်လိုက်တိုင်း
အကုန်လွင့်ပျောက်ကာ
ဘဝဟာ အိပ်မက်မက်သလို ဝိုးတဝါးပါ
ငါ စိတ်ကူးကြည့်လိုက်တိုင်း
မြူခိုးလို လွင့်ပျောက်ကာ
အိပ်မက် မက်သလို ငါ့ဘဝဟာ
သြော် မိုးသားတွေအတိုင်း (ing ing)
Поcмотреть все песни артиста
Sanatçının diğer albümleri