The Zero - Saung Twin Nway şarkı sözleri
Sanatçı:
The Zero
albüm: Saung Twin Nway
ကျောက်ရုပ်လို လှုပ်လို့မရတော့ဘူး အေးစက်နေ
Circus က Clown လို အပြောင်အပျက်သဘော
ပေါ့ပျက်ပျက် ကတိတွေ
အမှိုက်လို မီးပြာချ အခိုးအငွေ့တွေ
အေးစက်စက်အနမ်းတွေ ငါ့အတွက် ပူလောင်သွား
နင်အတောင်းပံညောင်းမှ ခိုနားမယ့် သစ်တစ်ကိုင်း
ငါ ကျေနပ်စွာ လက်ခံထား
နှုတ်ခမ်းနီရဲလေးတွေ စွန်းကျန်နေတဲ့ တီရှပ်တစ်ထည်
ပြာခြွေခွက်ထဲက အိပ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့ မနက်ခင်း
ပူလောင်လွန်းလှပြီ ဆောင်းတွင်းနွေ
♪
နှင်းခဲတွေ မိုးပေါ်ကကြွေကျ အငြှိုးကြီးစွာ
အိပ်ခန်းထဲမှာ ချော်ရည်ပူတွေ စီးဆင်း
ဥပက္ခောပြုလို့ အဆက်အသွယ်ဖြတ်ခါမှ
ခလုတ်တိုက်ကာ
သတိရမိသွားတဲ့ မင်းရဲ့ဝိုင်ခွက်လေးက အနားမှာ
နင်အတောင်းပံညောင်းမှ ခိုနားမယ့် သစ်တစ်ကိုင်း
ငါကျေနပ်စွာ လက်ခံထား
နှုတ်ခမ်းနီရဲလေးတွေ စွန်းကျန်နေတဲ့ တီရှပ်တစ်ထည်
ပြာခြွေခွက်ထဲက အိပ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့ မနက်ခင်း
ပူလောင်လွန်းလှပြီ ဆောင်းတွင်းနွေ
နှုတ်ခမ်းနီရဲလေးတွေ စွန်းကျန်နေတဲ့ တီရှပ်တစ်ထည်
ပြာခြွေခွက်ထဲက အိပ်မက်တွေ
နင်ပြန်မလာတော့ဘူး ငါ့ဆီ
နှင်းတွေဝေနေတဲ့ မနက်ခင်း
ပူလောင်လွန်းလှပြီ ဆောင်းတွင်းနွေ
ပူလောင်လွန်းလှပြီ
ဆောင်း တွင်းနွေ
Поcмотреть все песни артиста
Sanatçının diğer albümleri