WANTED fokker - Nga Kyount şarkı sözleri
Sanatçı:
WANTED fokker
albüm: WANTED Collection, Vol. 1
ငါ့အတွက်နင် သိက္ခာကျဆင်း
အဆင့်မရှိတဲ့ ငါ့ရဲ့အပြစ်ပါ
ကြုံဆုံလာတိုင်း အရှုံးနဲ့နင် လှည့်ပြန်လာမြဲ
တစ်ခုမှကို ပြီးအောင်မလုပ်
အပျင်းကြီးတဲ့ ငါ့ရဲ့ အပြစ်ပါ
ရှာဖွေလိုက်တိုင်း
အမှားပဲ ငါတွေ့ဆုံလာမြဲ
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းငါ့ကို စိတ်မနာနိုင်ခဲ့
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါအတွက်ဓါးစားခံ
သူငယ်ချင်းများလာ ကြွားလာတိုင်း
အဖြစ်မရှိတဲ့ ငါ့ရဲ့ အပြစ်ပါ
အားနည်းချက်နဲ့ အရှုံးနဲ့နင် လှည့်ပြန်လာမြဲ
ညံ့ဖျင်းတဲ့ လူဆိုးကိုမှ
ဘာကြောင့်မို့ နင်ချစ်နေမှာလဲ
ထားသွားခဲ့လိုက်တော့
အမုန်းနဲ့နင် လှည့်ပြန်ကာသွား
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းငါ့ကိုစိတ်မနာနိုင်ခဲ့
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါ့အတွက်ဓါးစာခံ
နင်ကောင်းနိုင်ဖို့ကို ရည်စူးကာထား
မေ့နိုင်ဖို့ကို အခါခါကြိုးစား
ငါ့ကိုထားကာ သာယာတဲ့ဆီသာ
ထွက်သွားလိုက်ပါ
ထွက်သွားလိုက်ပါတော့ကွာ
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းငါ့ကို စိတ်မနာနိုင်ခဲ့
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါ့အတွက်ဓါးစာခံ
အမြဲတမ်း အမြဲတမ်း အမြဲတမ်း အပြောခံ
ငါ့ကြောင့် ငါ့ကြောင့် အတင်းပြောခံရလည်း
မင်းလေးဟာ ငါ့အတွက်ဓါးစာခံ
Поcмотреть все песни артиста
Sanatçının diğer albümleri