စိတ် ဒီစိတ် ဒီစိတ် တွေနဲ့ရူးတော့မယ်
စိတ် ဒီစိတ် တွေနဲ့ ရူး
ရုပ်ရှင်မကြည့်ဘူး ကဗျာစာအုပ်လေးပဲဖတ်တော့မှာ
စိတ်ကူးယဉ်နေသူအရူး ပုံပြင်တွေလို အဆုံးသတ်ကောင်းဖို့ရာ
နေ့တိုင်းညတိုင်း တွေးပြီး မအိပ်နိုင် မျက်လုံးဖွင့်ပီး အိပ်မက်မက်
စိတ်ကူးတွေနဲ့ ဆောက်တဲ့အိပ်မက်တွေ တကယ်တမ်းဖြစ်မလား ငါမသိပါ
ကောင်းကင်အပေါ်က ကြယ်ကလေးများဆင်းလို့လာတိုင်း
ဆုတောင်းနေသူငါဟာ နင်အသိမှတ်ပြုဖို့ပါ
ဆုတောင်းတွေပြည့်ဖို့အတွက် ငါ့ကို ကြယ်လေးတွေလည်းကြွေပေးတယ်
စိတ်ကူးတွေနဲ့ရူးတဲ့ ငါ့အိပ်မက်ကို နင်သိလာဖို့လိုအပ်တယ်
စိတ် ဒီစိတ် ဒီစိတ်
ငါလေ ရူးတော့မယ်
စိတ် ဒီစိတ် တွေနဲ့ ရူး
စိတ် ဒီစိတ် ဒီစိတ် တွေနဲ့ရူးတော့မယ်
စိတ် ဒီစိတ် တွေနဲ့ ရူး
သံယောဇဉ်တွယ်နေတဲ့ ဒီလူဟာ သတ္တိတော့မရှိပါ
မင်းမမြင်နိုင်အောင် အရာရာ တားဆီထားသလားကွာ
အိပ်မက်တွေကို လက်တွေ့ ပြောင်းဖို့ မှော်အတတ်တွေရော လိုဦးမလား
စိတ်ကူးတွေနဲ့ရူးတဲ့ ငါ့အိပ်မက်ကို တိမ်တိုက်တွေနဲ့ချရေးကာ
စိတ် ဒီစိတ် ဒီစိတ် တွေနဲ့ရူးတော့မယ်
စိတ် ဒီစိတ် တွေနဲ့ ရူး
စိတ် ဒီစိတ် ဒီစိတ် တွေနဲ့ရူးတော့မယ်
စိတ် ဒီစိတ် တွေနဲ့ ရူး
ရူး
Поcмотреть все песни артиста
Sanatçının diğer albümleri