David Lai - Achit So Thi Mhar şarkı sözleri
Sanatçı:
David Lai
albüm: Achit So Thi Mhar
အချစ်ဆိုသည်မှာ
အံ့သြမှုများနဲ့ ဆန်းကြယ်သော အရာ
အချစ်ဆိုသည်မှာ
လူသားတိုင်းရဲ့ နှလုံးသားထက်က အရှင်သခင်
အချစ် ဆိုသည်မှာ
ကြေကွဲခြင်းနဲ့ မျက်ရည်တို့ရဲ့ ကဗျာ
အချစ် ဆိုသည်မှာ
ခံစားချက်တို့ မွေးဖွားရာနေရာ
တကယ်ဆိုရင်
အချစ်ဟာ ဖြေရှင်းမရတဲ့ပြဿနာ
အချစ်ဟာ အဖြေရှာ မရတဲ့ပုစ္စာ
ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ
တစ်ခါတရံ အချစ်ဆိုတဲ့အရာနဲ့
ဆုံဆည်းလိုက်ချင်လဲ
တစ်ခါတလေတော့ အချစ်နဲ့ ဝေးချင်တယ်
အချစ် းဆိုသည်မှာ
ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ
အချစ် ဆိုသည်မှာ
၀မ်းနည်းတဲ့အခါ နေမင်း ကုဋေကုဋာ
အချစ် ဆိုသည်မှာ
တားဆီးတတ်တဲ့ အိပ်စက်ခြင်းများစွာ
အချစ်ဆိုသည်မှာ
အိပ်မက်များနဲ့ အာရုဏ်ဦး အလှတရား
တကယ်ဆိုရင်
အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ
အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္စာ
ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ
တစ်ခါတရံ အချစ်ဆိုတဲ့ အရာနဲ့
ဆုံဆည်းလိုက်ချင်လဲ
တစ်ခါတလေတော့ အချစ်နဲ့ဝေးချင်တယ်
တစ်ခါတလေတော့ အချစ်နဲ့ ဝေးချင်တယ်
Поcмотреть все песни артиста
Sanatçının diğer albümleri