Mar Mar Aye - Bal Thu Tay Yuu Tha Lal şarkı sözleri
Sanatçı:
Mar Mar Aye
albüm: Bal Thu Tay Yuu tha lal
တစ်ပင်မှတစ်ပင်ကူး မြူးထူးပျော်ပါးတတ်တဲ့ ငှက်ကလေးပေလား
ကိုင်းဖျားကိုကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့အဖြစ်သနစ်အညီ
အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘဝလမ်းဆီ
သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက တိမ်းရက်လေပြီ
သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အငြှိုးခက်တော့သည်
မိုးလျှပ်နွယ်အိပ်မက်ပမာအညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည်
စိတ္တဇအသည်း အိပ်မရပဲ အတိတ်ဘဝထဲ ဝဲချာချာလည်

လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့
မိန်းမသားမို့ ဆင်ခြင်ရာသည်
အချစ်ဦးသခင်ရဲ့ မပစ်ဘူးအထင်နဲ့
ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည်
ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ကမ္ဘာတည်
အမုန်းဆိုတာ ဝေလာဝေး
တို့နှစ်ကိုယ် ကြင်သည့်အရေး
ကြားလေသွေးမှာ စိုးမိသည်
ချစ်ပင် ချစ်မိုး ချစ်စပျိုးခဲ့သည်
အခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း
အမုန်းပင်ကလေးများ စိုက်သွားလေတဲ့
သူ့ကိုမှ ရှာမိပြန်သည်
မြင်မြင်သမျှ တွေ့သမျှသူကို မေးမြန်းမိပြီ
ကျွန်မကိုလေ အရူးလို့ဆိုကြ
ကျွန်မကိုလေ အရူးလို့ပြောကြ
ဟားတိုက်လို့ ရယ်လိုက်ချင်သည်
မခံစားဖူးတော့ ကိုယ်ချင်းမစာပြီ
ပုစ္ဆာတစ်ပုဒ်လို အဖြေထုတ်ချင်သည်
ပြေးသူနဲ့ ကျန်ရစ်သူ
မြင်သူနဲ့ ပြောရသူ
ဘယ်သူတွေ ရူးသလဲ
ခွဲခြားသိပါရစီ

Поcмотреть все песни артиста
Sanatçının diğer albümleri