Myanmar 1990s Music - Ma Lwan Ye Thay Bu şarkı sözleri
Sanatçı:
Myanmar 1990s Music
albüm: 10 seconds Vol 1+2
မဆုံနိုင်တဲ့အကြောင်းလေး ရှိခဲ့ကြတော့
တစ်နေ့နေ့အသင့်ဖြစ်အောင် ပြင်ဆင်ပါ့မယ်
အကြင်နာဇာတ်လမ်းလေး အလွမ်းပြောင်းရေးဖို့
သွေးနည်းနည်းအေးအောင် အချိန်ပေးပါဦးကွယ်
ကျန်နေခဲ့မှာတွေးရုံနဲ့ ဆွေးတတ်ခဲ့
တကယ့်ဘဝကို အခုရင်ဆိုင်ဖို့ခက်တယ်
ရေပြင်လေးအလား ငြိမ်သက်ခဲ့တဲ့ဘဝ
လှုပ်ခတ်လို့သွားအောင် လာပြုစားတယ်
ယူလာတဲ့အယုအယ စက်ကွင်းလေးထဲက
တိုးထွက်လို့မရအောင် ဆွဲညှို့လို့ထားတယ်
ကျန်နေခဲ့မှာတွေးရုံနဲ့ ကြေကွဲတတ်တော့လည်း
တကယ့်ဘဝမှာ တို့လေ ဘယ်လိုစိမ်းရမှာလည်း?
မလွမ်းရဲသေးဘူး မောင်ရယ်
ခဏနဲ့ မထားခဲ့ပါနဲ့
အချစ်ရိပ်လေးမှာ အိပ်နေချင်သေးတယ်
တို့အသည်းလေး နုနုနယ်နယ်
ထိခိုက် ကွဲအက်လွယ်တယ်
လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့
သိပ်ချစ်တော့ကွယ်
ကိန္နရာချောင်းခြား သီချင်းလေးကြားတိုင်း
ထိန်းချုပ်လို့မရပါ တို့မျက်ရည်ဝဲတယ်
ဘယ်လိုချစ်သွားလည်း? ဘယ်ထိချစ်ရမလည်း?
ဘာဆက်လုပ်ရမလည်းကွယ်? မေးခွန်းတွေအလယ်
ကျန်နေခဲ့မှာတွေးရုံနဲ့ ကြေကွဲတတ်တော့လည်း
တကယ့်ဘဝမှာ တို့လေ ဘယ်လိုစိမ်းရမှာလည်း?
ဟူး ဟူ
♪
ကျန်နေခဲ့မှာတွေးရုံနဲ့ ကြေကွဲတတ်တော့လည်း
တကယ့်ဘဝမှာ တို့လေ ဘယ်လိုစိမ်းရမှာလည်း?
မလွမ်းရဲသေးဘူး မောင်ရယ်
ခဏနဲ့ မထားခဲ့ပါနဲ့
အချစ်ရိပ်လေးမှာ အိပ်နေချင်သေးတယ်
တို့အသည်းလေး နုနုနယ်နယ်
ထိခိုက် ကွဲအက်လွယ်တယ်
လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့
အို မလွမ်းရဲသေးဘူး မောင်ရယ်
ခဏနဲ့ မထားခဲ့ပါနဲ့
အချစ်ရိပ်လေးမှာ အိပ်နေချင်သေးတယ်
တို့အသည်းလေး နုနုနယ်နယ်
ထိခိုက် ကွဲအက်လွယ်တယ်
လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့
မဆုံနိုင်တဲ့အကြောင်းလေး ရှိခဲ့ကြတော့
တစ်နေ့နေ့အသင့်ဖြစ်အောင် ကြိုးစားရဦးမယ်
Поcмотреть все песни артиста
Sanatçının diğer albümleri