Bo Phyu - Tha Yar Haw Tha Yar Par Pal şarkı sözleri
Sanatçı:
Bo Phyu
albüm: Min Ah Twat Ah Myal Ah Chit Oo
ငါဟာ ဘုရားသခင်နဲ့ တစ်ခါမှလည်း စကားပြောဖူးသူ မဟုတ်တယ်
နိဗ္ဗာန်လည်း အလည်ရောက်ခဲ့သူ မဟုတ်ပါ
ဒါပေမယ့် တရားတော့ ရှိပါတယ်...
ပင်လယ် ကမ်းခြေကို တစ်ခါမှလည်း ရောက်ခဲ့ဖူးသူ မဟုတ်တယ်
လှိုင်းရေလည်း မြင်တွေ့ရသူမဟုတ်ပါ
ဒါပေမယ့် လှိုင်းသဘော သိပါတယ်
ဒါပေမယ့် လှိုင်းသဘော သိပါတယ်...
တရားဟာလည်း တရားပါပဲ
နောက်ဆုံးလေးမှာတော့
အမှားအမှန် လွန်ဆွဲပွဲထဲမှာ မတတ်စွမ်းခဲ့သူမို့သာ
ဘဝရဲ့ကံကြမ္မာဟာ ရှုံးခဲ့ပြီ
တရားဟာလည်း တရားပါပဲ
အရှုံးပေးရတာလည်း
အမှားအမှန် လွန်ဆွဲပွဲထဲမှာ အားမမျှခဲ့လို့သာ
အရှုံးပေးပါပြီကွယ် အချစ်ကလေးရယ်...
♪
အနိုင်နဲ့အရှုံး ပြိုင်နေတဲ့လောကမှာ
အမှား အမှန်ဆိုတာက ဘယ်လိုလဲ
အမှား အမှန်ဆိုတာက ဘယ်မှာလဲ
တွေးမရပါလား သိပ်ခက်ပါလား
ရှုံးခဲ့ပြီ ရှုံးနိမ့်ပြီ
ရှုံးနိမ့်ပြီ ရှုံးခဲ့ပြီဟေ့...
ငါဟာ အများတကာလို ကြင်နာသူ ချစ်ရည်းစားရယ် မရှိလည်း
မေတ္တာနဲ့ ဆုံစည်းဖူးသူ မဟုတ်တယ်
ဒါပေမယ့် အချစ်သဘော သိပါတယ်
ဒါပေမယ့် အချစ်သဘော သိပါတယ်...
တရားဟာလည်း တရားပါပဲ
နောက်ဆုံးလေးမှာတော့
အမှားအမှန် လွန်ဆွဲပွဲထဲမှာ မတတ်စွမ်းခဲ့သူမို့သာ
ဘဝရဲ့ကံကြမ္မာဟာ ရှုံးခဲ့ပြီ
တရားဟာလည်း တရားပါပဲ
အရှုံးပေးရတာလည်း
အမှားအမှန် လွန်ဆွဲပွဲထဲမှာ အားမမျှခဲ့လို့သာ
အရှုံးပေးပါပြီကွယ် အချစ်ကလေးရယ်...
Поcмотреть все песни артиста
Sanatçının diğer albümleri