Bo Phyu - Ah Hla Ngat Nge şarkı sözleri
Sanatçı:
Bo Phyu
albüm: San Yay
နောက်တစ်နေ့ မင်းသွားမှာဆို
နောက်တစ်နေ့ မင်းပျောက်ကွယ်ကာ ပြောင်းမှာက
သူများ သမီးလေးအသွင်
ဒါကြောင့် အခွင့်သင့်လို့ အပျိုလူပျို အစုံအလင်
တစ်ခုပဲ မေးချင်
ကပြမလား အလှငှက်ငယ်ရေ
မြင်သူ မျက်တောင်မခတ်အောင်
ကပြမလား အလှငှက်ငယ်ရေ
ပျော်ရွှင်ဖို့ ပွဲနေ့မှာ
အိုးစည်သံတွေ စုံမယ်
ဒီထင်းရူးပင် အရိပ် တွေ့ရဆုံရ
ဝမ်းသာ ဝမ်းသာ လူလာ လူတကယ်များလို့
ဗွက်တောင်ပေါက် ကုန်ပြီပေါ့ အလှငှက်ရေ...
ဘယ်သူမြင်လဲပဲ ကြည့်မယ်
ဘယ်သူမြင်လဲပဲ ခေါ်ကာ
နောက်တော်ပါ အိမ်ရိပ် နန်းရိပ်အထိ
ဒါကြောင့် အခန့်သင့်လို့ အပျိုလူပျိုအစုံအလင်
တစ်ခုလေး မေးချင်
ရင်မှာလေ ဘယ်သူ့အတွက် ကလဲ
ရင်မှာ ဘယ်သူ့ အချစ်ဆုံးလဲ
ရင်မှာ ဘယ်တစ်ယောက်အတွက် ကလဲ
ရင်မှာ အားလုံးအတွက်လား
မင်းပါ တခါတလေထွက်ပြီး
ဘယ်ပြေး ပုန်းရှောင်မလဲ အလှငှက်ငယ်ရေ
ဘာ့ကြောင့် ဘာ့ကြောင့် အစ်ကို့ရင်ကို တစ်ခါစကာ
တစ်နှစ်ကြာအထိ စိတ်စွဲလန်းသွားစေတော့
ကပြမလား အလှငှက်ငယ်ရေ
မြင်သူ မျက်တောင်မခတ်အောင်
ကပြမလား အလှငှက်ငယ်ရေ
ပျော်ရွှင်ဖို့ ပွဲနေ့မှာ
အိုးစည်သံတွေ စုံမယ်
ဒီထင်းရူးပင် အရိပ် တွေ့ရဆုံရ
ဝမ်းသာ ဝမ်းသာ လူလာ လူတကယ်များလို့
ဗွက်တောင်ပေါက် ကုန်ပြီပေါ့ အလှငှက်ရေ...
ရင်မှာလေ ဘယ်သူ့အတွက် ကလဲ
ရင်မှာ ဘယ်သူ့ အချစ်ဆုံးလဲ
ရင်မှာ ဘယ်တစ်ယောက်အတွက် ကလဲ
ရင်မှာ အားလုံးအတွက်လား
မင်းပါ တခါတလေထွက်ပြီး
ဘယ်ပြေး ပုန်းရှောင်မလဲ အလှငှက်ငယ်ရေ
ဘာ့ကြောင့် ဘာ့ကြောင့် အစ်ကို့ရင်ကို တစ်ခါစကာ
တစ်နှစ်ကြာအထိ စိတ်စွဲလန်းသွားစေတော့...
Поcмотреть все песни артиста
Sanatçının diğer albümleri