Bo Phyu - Pa Dar Tha Lan Than Ta Lan şarkı sözleri
Sanatçı:
Bo Phyu
albüm: Bo Phyu (Bawa ThaSit Choe)
ခံစားချက်မတူနိုင်ကြတဲ့ မင်းဘဝနဲ့ ကိုယ့်ဘဝဟာ
အတူတူနေနိုင်ရေး မလွယ်ပါလား
ရည်မှန်းချက်မတူနိုင်ကြတဲ့ မင်းဘဝနဲ့ ကိုယ့်ဘဝဟာ
ဝေးကြလေပြီပေါ့ အချစ်ရေ
မင်းလုပ်သွားတဲ့ လုပ်ရပ်သဘောတွေ စဉ်းစားလို့မရနိုင်
သဘောလည်းမပေါက်နိုင် ငါ့မှာအခက်တွေ့ပြီ
မင်းရွေးထားတဲ့ မင်းရဲ့လမ်းတွေ လိုက်လျှောက်လို့မရနိုင်
မင်းနဲ့ငါ့ရဲ့သဘောဟာ မတူပါလား
အမြင်ချင်လည်းမတူနိုင်ကြတဲ့ မင်းဘဝနဲ့ ကိုယ့်ဘဝဟာ
ဝေးကြလေပြီပေါ့ အချစ်ရေ
♪
အရောင်အဆင်းလည်းမတူနိုင်ကြတဲ့ မင်းဘဝနဲ့ ကိုယ့်ဘဝဟာ
ဆီလိုရေလို ခြားနေပါလား
သဏ္ဍာန်ချင်းလည်းမတူနိုင်ကြတဲ့ မင်းဘဝနဲ့ ကိုယ့်ဘဝဟာ
ဝေးကြလေပြီပေါ့ အချစ်ရေ
မင်းမှန်းထားတဲ့သူဌေးရဲ့စည်းစိမ် မှန်းဆလို့မရနိုင်
ပေးလည်းမပေးနိုင် ငါ့မှာအခက်တွေ့ပြီ
မင်းမှန်းထားတဲ့ မင်းရဲ့ပန်းတိုင် လက်တွဲလို့မရနိုင်
မင်းနဲ့ငါ့ရဲ့ပန်းတိုင် မတူပါလား
အသွင်ချင်းလည်းမတူနိုင်ကြတဲ့ မင်းဘဝနဲ့ ကိုယ့်ဘဝဟာ
ဝေးကြလေပြီပေါ့ အချစ်ရေ
မင်းမှန်းထားတဲ့သူဌေးရဲ့စည်းစိမ် မှန်းဆလို့မရနိုင်
ပေးလည်းမပေးနိုင် ငါ့မှာအခက်တွေ့ပြီ
မင်းမှန်းထားတဲ့ မင်းရဲ့ပန်းတိုင် လက်တွဲလို့မရနိုင်
မင်းနဲ့ငါ့ရဲ့ပန်းတိုင် မတူပါလား
အသွင်ချင်းလည်းမတူနိုင်ကြတဲ့ မင်းဘဝနဲ့ ကိုယ့်ဘဝဟာ
ဝေးကြလေပြီပေါ့ အချစ်ရေ
Поcмотреть все песни артиста
Sanatçının diğer albümleri