Si Thu Lwin - Toh Ma Way Buu şarkı sözleri
Sanatçı:
Si Thu Lwin
albüm: Si Thu Lwin Unplugged Volume (2)
ရင်ခုန်သံများ ချိုမြိန်အောင် ဖန်ဆင်းပေးသူရယ်
နေချင်တယ် သူ့အနားမှာ ထာဝစဉ်ပဲပေါ့ကွယ်
ကြယ်တာရာများ ကမ္ဘာမြေကို သူ့အလင်းပေးသလို
ကိုယ်က ချစ်ခဲ့လို့
ယုံကြည်တယ် ကျေးဇူး ချစ်သူ ရေ
ဘယ်သူလာပြီး ခွဲမလဲ
ဒီမှာ တို့အတွက် မင်းက ရှိတယ်
ကိုယ် မင်းရဲ့ရှေ့က ရှိမယ်
ခိုင်မြဲတဲ့ အချစ်များနဲ့
အတူဆုံမယ်နော် အိပ်မက်ထဲလည်း
ဘယ်တော့မှမခွဲဘူး အချစ်ရယ်
တို့ အမြဲတမ်း အနားမှာရှိနေမယ်
တို့ မဝေးဘူး ယုံတယ်...
ကိုယ်ယုံကြည်ရာလမ်း
တာဝန်တွေကို ဝေမျှ ထမ်းဆောင်လို့
ပျော်ရွှင်စွာ တို့ ခရီးဆက်
ကာကွယ်မယ် တို့အချစ်အတွက်
ပင်လယ်ပြင် မုန်တိုင်း
ရင်ဆိုင်နိုင်ပါတယ် မင်းအတွက်ပဲ
ကိုယ် အသက်ရှင်ဖို့ပေါ့
ဟုတ်ရဲ့လား...
ဒါဆို စိတ်ချလိုက်ပြီကွယ်
ဘယ်သူတွေလာပြီး ခွဲမလဲ
ဒီမှာ တို့အတွက် မင်းက ရှိတယ်
ကိုယ် မင်းရဲ့ရှေ့က ရှိမယ်
အားလုံးမေ့ထားလိုက်
အတူဆုံမယ်နော် အိပ်မက်ထဲလည်း
ဘယ်တော့မှမမေ့ဘူး အချစ်ရယ်
တို့အမြဲတမ်း အနားမှာရှိနေမယ်
တို့ မဝေးဘူး ယုံတယ်...
ကိုယ့်ဘဝကို မင်းအတွက်ပေးထားတယ်
ဘာတွေလိုအပ်လဲ ပြောကွယ်
အမြဲတမ်းပဲ မင်းအနားရှိရင်တော့
အို ဘာလိုဦးမှာလဲ...
ဘယ်သူလာပြီး ခွဲမလဲ
ဒီမှာ တို့အတွက် မင်းက ရှိတယ်
ကိုယ် မင်းရဲ့ရှေ့က ရှိမယ်
ခိုင်မြဲတဲ့အချစ်များနဲ့
အတူဆုံမယ်နော် အိပ်မက်ထဲလည်း
ဘယ်တော့မှမမေ့ဘူး အချစ်ရယ်
တို့ အမြဲတမ်း အနားမှာရှိနေမယ်
ဘာလိုသေးလို့လဲ
ဒီမှာ တို့အတွက် မင်းက ရှိတယ်
ကိုယ် မင်းရဲ့ရှေ့က ရှိနေမယ်
တို့ မဝေးဘူး မလိုပါဘူး
တို့ မဝေးဘူး ယုံတယ်
တို့နှစ်ယောက်ကို ဘယ်လိုသွေးခွဲမလဲ...
Поcмотреть все песни артиста
Sanatçının diğer albümleri