Y Wine - Htar Wa Ra Ah Sone Hti şarkı sözleri
Sanatçı:
Y Wine
albüm: Htar Wa Ra
အို ကိုယ်တို့နှစ်ယောက်ရဲ့ အသိမှာ
ကတိစကား တစ်ခွန်းမှ မရှိပါ
ဘာမှမထူးဆန်းတဲ့ ကဗျာ
ဒီရေခဲမြစ်ရဲ့ တစ်ဖက်စီ ကိုယ်မကြည့်မိသလိုနေရင်း
တို့နှလုံးသား တိတ်ဆိတ်နေခဲ့တာ
ကမ္ဘာမြေခြောက်သွေ့တဲ့ နေ့ရက်တွေ
တကယ်တမ်းတော့ ငါ့ရင်မှာ
နင်တစ်ယောက်တည်း ရှိခဲ့တယ်
အို ကြေကွဲရမယ့် အဖြစ်တွေ
နေခဲ့ရမှာမြင်ပြီး ကိုယ့်နှလုံးသား စိုးရွံ့နေခဲ့တာ
ဒီမိုးတွေရွာတဲ့ မနေ့ညက အိပ်မက်တယ်
မင်းကို ရင်ဆိုင် ဖွင့်ပြောတော့မယ်
ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ်
ထာဝရအဆုံးတိုင် ကိုယ် တန်ဖိုးထားပါ့မယ်
မင်းလက်တွေ ဆုပ်ကာ
အခါခါ အဆက်ဆက် ပြောချင်တယ်
ဒီတစ်သက်လုံး နင်တစ်ယောက်တည်း ချစ်ပါ့မယ်
♪
ဒီမိုးတွေရွာတဲ့ မနေ့ညက အိပ်မက်တယ်
မင်းကို ရင်ဆိုင် ဖွင့်ပြောတော့မယ်
ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ်
ထာဝရအဆုံးတိုင် ကိုယ်တန်ဖိုးထားပါ့မယ်
မင်းလက်တွေ ဆုပ်ကာ
အခါခါ အဆက်ဆက် ပြောချင်တယ်
ဒီတစ်သက်လုံး နင် တစ်ယောက်တည်း ချစ်ပါတယ်
ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ်
ထာဝရအဆုံးတိုင် ကိုယ်တန်ဖိုးထားတော့မယ်
မင်းလက်တွေ ကိုင်ဆုပ်ကာ
အခါခါ အဆက်ဆက် ပြောချင်တယ်
ဒီတစ်သက်လုံး နင်တစ်ယောက်တည်း ချစ်တော့မယ်
Поcмотреть все песни артиста
Sanatçının diğer albümleri