Zaw Paing - Tit Chat Lout Top Nge Kyi Thint Par Tal şarkı sözleri
Sanatçı:
Zaw Paing
albüm: Pyu Thu A Thit
သူတို့နဲ့ မဆိုင်ပဲနဲ့ တို့နှစ်ယောက်ရဲ့ကြားမှာ
ငလျင်လှုပ်တုန်း ပုခက်လွှဲချင်ကြတယ်
မလိုတမာသူ သွေးထိုးစကား
မင်းနားယောင်မိနေလေတော့ကွယ်
ကိုယ် ဘာများ တတ်နိုင်ဦးမှာလဲ
ကိုယ် ဘာများ ပြောနိုင်မှာလဲ
သူတို့နဲ့ တိုက်ပွဲထဲ မင်းပဲ အားကိုးရှိတယ်
မင်းအတွက်ကြောင့် သူတို့နဲ့ ဖြစ်ရတယ်
ကာယကံရှင် မင်းကရော
ကိုယ့်ဘက်မှာ မရပ်တည်နိုင်တော့ကွယ်
ကိုယ် ဘာများ တတ်နိုင်ဦးမှာလဲ
ကိုယ် ဘာများ ပြောနိုင်မှာလဲကွယ်
ရှေ့ဆက်ပြီး ကိုယ်ဘာဆက် လုပ်ရမလဲ
မင်းနဲ့လဲ မခွဲနိုင်ဘူးကွယ်
ကိုယ့် ဘဝထဲ မင်းတစ်ယောက်သာ အဖော်ရှိတယ်
ကိုယ့်ဘက်လဲ
တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်
သူတို့ရဲ့ စိတ်ထားက ပွဲလန့်တဲ့ကြားမှာ
အငြိမ်မနေပဲ ဖျာခင်းချင်ကြတယ်
စေတနာလို့ပြောဦးမလား
ကွဲသွားရင် ဝမ်းသာကြမှာမလား?
ကိုယ် ဘာများ တတ်နိုင်ဦးမှာလဲ
ကိုယ် ဘာများ ပြောနိုင်မှာလားကွယ်
ရှေ့ဆက်ပြီး ကိုယ်ဘာဆက် လုပ်ရမလဲ
မင်းနဲ့လဲ မခွဲနိုင်ဘူးကွယ်
ကိုယ့် ဘဝထဲ မင်းတစ်ယောက်သာ အဖော်ရှိတယ်
ကိုယ့်ဘက်လဲ
တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်
ရှေ့ဆက်ပြီး ကိုယ်ဘာဆက် လုပ်ရမလဲ
မင်းနဲ့လဲ မခွဲနိုင်ဘူးကွယ်
ကိုယ့် ဘဝထဲ မင်းတစ်ယောက်သာ အဖော်ရှိတယ်
ကိုယ့်ဘက်လဲ
တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်
ရှေ့ဆက်ပြီး ကိုယ်ဘာဆက် လုပ်ရမလဲ
မင်းနဲ့လဲ မခွဲနိုင်ဘူးကွယ်
ကိုယ့် ဘဝထဲ မင်းတစ်ယောက်သာ အဖော်ရှိတယ်
ကိုယ့်ဘက်လဲ
တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်
Поcмотреть все песни артиста
Sanatçının diğer albümleri