Ah Nge - Eain şarkı sözleri
Sanatçı:
Ah Nge
albüm: Koe
အခုတလောမှာ
ငါမက်တဲ့ အိပ်မက်တွေ
အရမ်းထူးဆန်းတယ်
မြက်ခင်းနဲ့ ခြံဝင်းနဲ့ အိမ်ကလေးကို
တို့နှစ်ယောက် ပိုင်သတဲ့
ပိုက်ဆံလေးတွေ စုချင်တယ်
လကုန်တိုင်း ဆုတောင်းဆဲကွယ်
တို့နှစ်ယောက်အတွက်
အိမ်လိုချင်တယ်
♪
မနက်ဖြန်
ဒီအခန်းက နေခဲ့တာ
စာချုပ် ပြည့်တော့မယ်
လက်ထဲမှာ ဘယ်မလဲငွေ
ထပ်ငှားဖို့ စဉ်းစားတာနဲ့
စိတ်ညစ်လည်း ဘာထူးမှာလဲ
အသက်တွေကသာ ကြီးခဲ့တယ်
တို့နှစ်ယောက်အတွက်
အိမ်ဘယ်မှာလဲ
♪
အကောင်းဆုံး နားခိုဖို့အတွက်
နေရာလေး လိုချင်မိတယ်
တစ်နေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
♪
တစ်နေ့တော့ တစ်နေ့ပေါ့
ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်
ဘယ်တော့မှ မဖြစ်လာတော့ဘူးလို့
အားမလျှော့ပါနဲ့
လိုက်လေ ဝေးလေ ပြေးနေဆဲ
တို့အိပ်မက်တွေ ဝိုးတဝါးရယ်
တို့နှစ်ယောက်အတွက်
အိမ်လိုချင်တယ်
♪
အကောင်းဆုံး နားခိုဖို့အတွက်
နေရာလေး လိုချင်မိတယ်
တစ်နေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
အကောင်းဆုံး နားခိုဖို့အတွက်
ဒီအချိန်ထိ မျှော်လင့်ဆဲပဲ
တစ်နေ့တော့
အသိုက်အမြုံကလေးနဲ့
တည်ငြိမ်စွာ နေချင်ပါတယ်
တစ်နေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
မနက်ဖြန်
ဒီအခန်းက
နေခဲ့တာ
တစ်နှစ်ပြည့်တော့မယ်
Поcмотреть все песни артиста
Sanatçının diğer albümleri