နင့်ကိုငါမြင်ချင်တာ ပျော်ရွှင်နေတဲ့မျက်နှာ
ငါ့ရဲ့နှလုံးသားထဲက စေတနာပါလွန်းတဲ့စကား
နင်အဆင်မပြေတဲ့အချိန် ငါငိုရပြီ မဆိုင်ပေမဲ့ ငါတို့ချစ်သူတွေမှမဟုတ်ကြတာ
နင့်ချစ်သူဟာ ဘယ်လိုကောင်မျိုးလဲကွာ
သူကြောင့်အမြဲပဲမင်းရဲ့ငိုယိုနေတဲ့မျက်လွှာ
ငါမခံနိုင်ဆုံးပါ နင်မပျော်တော့ရင် ရင်တမမနဲ့ နင်ခိုနားဖို့စောင့်လျက်သာ
ဝဠ်ကြွေးရှိသမျှဆက်မယ် ပူလောင်ပေမဲ့လည်းကွာ
ချစ်ခဲ့ပြီးမှအခုတော့နေပါစေတော့ခဏတာ သူမလိုတော့ရင်ငါနေခဲ့မယ်
အသေအချာပဲသူမှသစ္စာမရှိခဲ့တာ သစ္စာတရားဟာငါအလိုချင်ဆုံးသောအရာ
နင်လေငါ့အတွက်ပေးမဲ့အေးချမ်းလွန်းတဲ့မေတ္တာ
တချိန်ချိန်ရောက်ရင်အတူဆုံရမှာ သူအရင်ထဲကတကယ်မှငါ့ကိုမချစ်ခဲ့တာ
{ဒို့ဆုံမယ်ပူပင်စရာများလို့ရယ်
ငါ့ရင်မှာနင့်တယောက်ထဲပဲထားချင်အန္တရာယ်တွေလည်းရှိပါစေ
ဘယ်လိုအခက်အခဲရှိပါစေ အပြန်အလှန်ရှိတဲ့အချစ်သာ ရင်ခွင်တခုလုံးအေးလို့
နောက်ဆိုရင်ပျော်စရာတွေပဲရချင်
မင်းကိုသာကြင်နာမှုများပေးချင်ဒဏ်ရာတွေလည်းရပါစေ
ဝေဒနာတွေလည်းရပါစေ
အသွားအပြန်ရှိသောမေတ္တာသာ ရင်ခွင်တခုလုံးနွေးလို့ပါ ...}
ငါ့ရဲ့ရင်ခွင်ထဲမှာနင်နေဖို့အတွက်နေရာ သစ္စာဖျာကိုခင်းပြီး
မေတ္တာစောင်လေးနဲ့ပါ
ဘယ်ချိန်ထိမျက်ရည်တွေနဲ့ချောင်မှာနေရမလဲကွာ ငါကစိတ်မချနိုင်လို့ဒီလိုစကားမျိုးပြောတာ
မင်းရယ်တို့ရယ်နဘေးမှာအတူနေခွင့်ရမှာ
အခုတော့သစ္စာမရှိတဲ့လူတယောက်ရဲ့အနားမှာ စွန့်စားပြီးထွက်လာမှာပေါ့
ပူလောင်နေလွန်းလို့ပါ ငါလည်းတောင်းတတာက သာယာနိုင်တဲ့ချစ်ကမ္ဘာ...
နင်လိုချင်ရင်အကုန်လုံးပေးနိုင်တယ် ငါဟာပေးဆပ်မဲ့သူမျိုး
နင်ဟာငါ့အတွက်အရေးပါဆုံး
ငါနင့်ရဲ့အဝေးဆုံးမှာ မျှော်ကာနေတဲ့အကြည့်နဲ့သာနေမှာ...
ငါလိုနေတာ ဒီလိုပူပင်ဝေဒနာတွေရယ် နာကျင်စရာတွေမရှိတဲ့ဘဝ ငါဒီဘဝကလွတ်ရမှ
ငါနင့်အနားလေးပြေးလာမှာ
နင်ဆုတောင်းပေးပါကြင်၂နာ၂ဂရုစိုက်မှာတွေမင်းပေးပါ အချစ်နဲ့ ...
{ဒို့ဆုံမယ်...
ရင်ခွင်တခုလုံးနွေးလို့ပါ}...ရင်ခွင်တခုလုံးအေးလို့}...နွေးလို့ပါ}
Поcмотреть все песни артиста
Sanatçının diğer albümleri