JCZ - Htee Ta Chaung şarkı sözleri
Sanatçı:
JCZ
albüm: Htee Ta Chaung
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ
စွေလာတဲ့အခိုက်အတန့်မှာငါပိုလွမ်းတယ်
ဟိုအရင်ကဆိုဒီလိုမိုးရေအောက်
ထီးတစ်ချောင်းတည်းအတူတူ
ထီးတစ်ချောင်းတည်းအတူတူ
မိုးနတ်မင်းကြီးကိုယ်တိုင်က
ရွာမလိုလို မရွာမလိုလိုနဲ့ နှောက်ယှက်နေလားကွာ
မြန်မာပြည် ရာသီခွင်ထဲမှာ
ဇွန် ဇွန်လိုင်ဆို ငါပိုသတိရ
ဘဝမှာ ကံခေနေဆဲ
အချစ်နဲ့ အလောင်းကစား
မိုးတွေသည်းတဲ့နေ့ဆို ငါမနေနိုင်လို့
လွမ်းနေရတဲ့အဖြစ်တွေကိုမခံစားနိုင်လို့
မိုးမိသွားတော့အဖျားဝင်
ဘာဆေးမှမတိုး
ဘာအငြိုးနဲ့ မစဲနိုင် သည်းတဲ့မိုး
ရန်ကုန်မြို့မှာ ဒီမိုးတွေ
စွေလာတဲ့အခိုက်အတန့်မှာ ငါပိုလွမ်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ထီးတစ်ချောင်းတည်းအတူတူ
ထီးတစ်ချောင်းတည်းအတူတူ
ရန်ကုန်မိုးတွေရွာနေတဲ့အချိန်
ငါအရမ်းလွမ်းတတ်တာမယုံလည်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
တို့နှစ်ယောက်က အတူတူ
တို့နှစ်ယောက်က အတူတူ
ငါဒီလိုမိုးတွေ စိုနေတုန်းမှာ
ဒီရင်ထဲမင်းအကြောင်းတွေကအဆိပ်တက်
ဒီလိုမိုးသည်းတဲ့နေ့တွေဆို အရမ်းလွမ်းပြီး
အတူတူထီးလေးဆောင်းပြီးလျှောက်တဲ့
အရင်ကလမ်းဆီ
ခဏလောက်ထွေးပွေ့ထားချင်လို့
ဖက်ထားပါမင်းလေးအနားနေမလို့
မိုးခြိမ်းသံကြားတော့ကြောက်နေလို့
အရင်ကလို အနွေးဓာတ်မဲ့နေလို့
ပြတင်းတံခါးမှာတွဲလဲကျနေတဲ့မိုးစက်တွေရဲ့ကြား
မင်းနဲ့အတူအမှတ်တရတွေကို
အတိတ်ကိုနောက်တစ်ခါပြန်မရ
နာကျင်နေတဲ့မင်းပေးတဲ့ဒဏ်ရာတွေတောင်
မကျက်သေးဘူး
ကံကြမ္မာကတစ်ခါလောက်လေးများ မျက်နှာသာမပေးခဲ့
မိုးတွေသည်းတဲ့နေ့ဆို ငါမနေနိုင်လို့
လွမ်းနေရတဲ့အဖြစ်တွေကိုမခံစားနိုင်လို့
မိုးမိသွားတော့အဖျားဝင်ဘာဆေးမှမတိုး
ဘာအငြိုးနဲ့မစဲနိုင် သည်းတဲ့မိုး
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ
စွေလာတဲ့အခိုက်အတန့်မှာ ငါပိုလွမ်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ထီးတစ်ချောင်းတည်းအတူတူ
ထီးတစ်ချောင်းတည်းအတူတူ
ရန်ကုန်မိုးတွေ ရွာနေတဲ့အချိန်
ငါအရမ်းလွမ်းတတ်တာမယုံလည်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
တို့နှစ်ယောက်က အတူတူ
တို့နှစ်ယောက်က အတူတူ
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ
စွေလာတဲ့အခိုက်အတန့်မှာ ငါပိုလွမ်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ထီးတစ်ချောင်းတည်းအတူတူ
ထီးတစ်ချောင်းတည်းအတူတူ
ရန်ကုန်မိုးတွေ ရွာနေတဲ့အချိန်
ငါအရမ်းလွမ်းတတ်တာမယုံလည်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
တို့နှစ်ယောက်က အတူတူ
တို့နှစ်ယောက်က အတူတူ
Поcмотреть все песни артиста
Sanatçının diğer albümleri