Kishore Kumar Hits

Floke Rose - Lu Phyit Tae Khana şarkı sözleri

Sanatçı: Floke Rose

albüm: Mental Masturbation


လူဖြစ်တဲ့ခဏအသက်၂၀အတွင်းမှာ
သိလာတာပိုက်ဆံကတော်တော်ကြီးအရေးကြီးတာပဲ
အရာအားလုံးနည်းပါးကိုသူလုပ်နိုင်တယ်လို့ငါတွေးမိတာနဲ့ချွေးစီးပါးရွှဲ
ဒီအကြောင်းတွေဘုရားနဲ့တွေ့မှမေးကြည့်ရမယ်
သုတ်ကောင်ဘဝကသန္ဓေသားဘဝကိုတဖြေးဖြေးသွားရင်း
လူဖြစ်လာတော့နေစရာစားစရာရဒါမိဘတွေပေးတဲ့ service
ဒီလိုနဲ့အရွယ်ရောက်လာတော့ပုံးမှန်ဖို့ရုန်းကန်လှုပ်ရှားရင်း
နောက်ဆုံးတော့ပြာဖြစ်သွားတာပဲမဟုတ်လား
ဒါကထုံးစံ
ဒုက္ခတွေရောက်တုန်းကဘုရားရှေ့မှာဒူးထောက်တိုင်တည်သေးတယ်
တကယ်တန်းစဉ်းစားကြည့်ငါ့ဒုက္ခကသူနဲ့မှမဆိုင်ပဲ
ငါတို့တွေတကယ်တန်းမပိုင်တဲ့အရာတွေကိုဖတ်တွယ်ဖို့ကြိုးစားရင်းနဲ့ပဲ
အချိန်တွေကုန်ခဲ့ပြီးအသိတရားတွေယိုင်နဲ့
လူတွေသေသွားတဲ့အခါမှာခန္ဓာထဲကဝိညာဉ်ထွက်
သွားတယ်ဆိုတာမယုံတဲ့ငါ့ကို
ပတ်ဝန်းကျင်ကအပစ်တင်လျက်
နိဗ္ဗာန်နဲ့ငရဲတစ်ခုခုကိုမဖြစ်မနေရွေးရမှာပဲဟုတ်လား?
အမှန်တကယ်တော့သေသွားရင်ဒီတိုင်းအေးသွားတာပဲ
မဟုတ်လား?
လူဖြစ်တဲ့ခနဒီကမ္ဘာကြီးထဲဘောင်တွေစည်းကမ်းများကြားထဲ
ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲမြူမှုန်များနဲ့
ဝေဝါးသွားခဲ့
တခါတလေသူငယ်ချင်းတွေနဲ့သွားလာပြီး
တခါတလေအထီးကျန်ဆန်လွန်းလို့ငါ့အရိပ်တောင်ငါ့အနားမှာမရှိ
အသက်အရွယ်ကြီးလာတာနဲ့အမျှ ဘဝကလိုက်ခါးလာသည်
လူသစ်တွေနဲ့တွေ့သလိုအနားကပျောက်သွားတာတွေလဲများလာပြီ
လူဆိုတာသေပြီးသွားရင်ဘာဖြစ်မယ်ဆိုတာအဖြေမရှိတဲ့ဘဝ
နောင်ဘဝဆိုတာကိုတွေးရင်းလက်ရှိဘဝကိုရောနေကြည့်ရဲ့လား
ငါသေသွားတဲ့အခါမှာမြှုပ်ပေးပါမြေကြီးထဲမှာ
ဘဝမှာကြောက်စရာဆိုတာမရှိတော့တာငါ့အဖေသေပြီးထဲက
တနေရာနဲ့တနေရာဝေးလွန်းရင်မသွားဘူး
ကိုယ့်ဟာကိုယ်တောင်ပျင်းလွန်းလို့
ထမင်းတောင်ညှပ်အောင်မဝါးဘူး
ဒါပေမဲ့လဲအချိန်တန်တော့ထမင်းစားဖို့ပိုက်ဆံရှာ
မိဘတွေရဲ့အရိပ်အောက်မှာကြာကြာမရှိသင့်တာကိုလက်ခံလာ
သားတွေသမီးတွေမွေးရဦးမယ်
ကိုယ့်ဘက်ကပြည့်အောင်လုပ်ပြီးတော့မပြည့်တဲ့သူတွေကိုလဲဖြည့်ရဦးမယ်
အခုထက်ထိတော့အနာဂတ်ကဝေဝါးတုန်းပဲ
ဆိုပေမဲ့လဲလူဖြစ်တဲ့ခနမှာ ပျော်ပျော်ကြီးနေသွားဦးမယ်
လူဖြစ်တဲ့ခနဒီကမ္ဘာကြီးထဲဘောင်တွေစည်းကမ်းများကြားထဲ
ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲမြူမှုန်များနဲ့
ဝေဝါးသွားခဲ့
နှစ်၆၀လောက်သာနေရမဲ့ဘဝ ဝေပြီးခဲ့သမျှအဆုံးမှာကြွေရတယ်မလား
အဆင်ပြေဖို့ခက်တာ သံယောဇဉ်ကြိုးများနဲ့ချည်နှောင်ထား
လူဖြစ်တဲ့ခနဒီကမ္ဘာကြီးထဲဘောင်တွေစည်းကမ်းများကြားထဲ
ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲမြူမှုန်များနဲ့
ဝေဝါးသွားခဲ့

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar