Aung Yin - Ma Pyan Tae Ya Htar şarkı sözleri
Sanatçı:
Aung Yin
albüm: Di Yat Pine
အိမ်မပြန် ရထားကြီး...
သံသရာရှည်အုံးမည်
ဒဏ်ရာတွေနဲ့ ဘဝထဲ
ခရီးလွန်နေပြီ
အချိန်မှန်ရထားကြီး
သံယောဇဉ်ကုန်းပိုးချီ
လောင်စာကုန်ကာမှ ပြန်မည်
အိမ်မပြန်ရထားကြီး
ရှေ့ကိုသာသွားသည်
ဘယ်ကိုရောက်မှန်းမသိပဲ ခရီးနှင်နေပြီး
ကံကြမ္မာရထားကြီး
နေရာအစုံသွားသည်
ဘယ်ဘူတာမှာ အဆုံးသတ်မည်
ကျန်နေခဲ့ အဖေအမေလည်း
ပြန်တွေ့တော့လွမ်းရုံသာပဲ
ဆုံလာတဲ့ဘဝထဲ
ချန်ရစ်ကာနှုတ်ဆက်ထွက်ခွာရမြဲ
တချိန်မှာလည်းဒီလိုပဲ
တနေ့မှာရောက်လာမှာပဲ
ငါတို့လည်း
ထွက်သွားသူများကိုငေးမောကျန်ခဲ့ရမယ်
အိမ်မပြန်ရထားကြီး
သံသရာရှည်အုံးမည်
ဒဏ်ရာတွေနဲ့ဘဝထဲ
ခရီးလွန်နေပြီ
ကံကြမ္မာရထားကြီး
နေရာအစုံသွားသည်
ဘယ်ဘူတာမှာ အဆုံးသတ်မည်
ကျန်နေခဲ့ အဖေအမေလည်း
ပြန်တွေ့တော့ လွမ်းရုံသာပဲ
ဆုံလာတဲ့ဘဝထဲ
ချန်ရစ်ကာ နှုတ်ဆက်ထွက်ခွာရမြဲ
တချိန်မှာလည်း
ဒီလိုပဲတနေ့မှာ ရောက်လာမှာပဲ
ငါတို့လည်း
ထွက်သွားသူများကို ငေးမောကျန်ခဲ့ရမယ်
ကျန်နေခဲ့ အဖေအမေလည်း
ပြန်တွေ့တော့ လွမ်းရုံသာပဲ
ဆုံလာတဲ့ဘဝထဲ
ချန်ရစ်ကာ နှုတ်ဆက်ထွက်ခွာရမြဲ
တချိန်မှာလည်း ဒီလိုပဲ
တနေ့မှာ ရောက်လာမှာပဲ
ငါတို့လည်း
ထွက်သွားသူများကို ငေးမော ကျန်ခဲ့ရမယ်
Поcмотреть все песни артиста
Sanatçının diğer albümleri