Kishore Kumar Hits

Idiots - Twet Yah Tar Wuan Thar Dae şarkı sözleri

Sanatçı: Idiots

albüm: Lu Ah Gitar


မင်းကိုတွေ့ နိုင်ဖို့
ငါဘယ်လောက် အားတင်းထားတာ မြင်ရဲ့လား
မငိုမိအောင် အတန်တန်ထိန်းထားတဲ့ကြားက
မင်းစိတ်ညစ်သွားမှာစိုးလို့
ဟန်ဆောင်ကာပြုံးနေရခြင်းအတွက်
နှလုံးသွေးကြောများတောင် ပျက်လုပြီ
ဘာကြောင့်ရယ် ငါမသိရှိ
အတိတ်ဘ၀က နင့်ဝဋ်ကြွေးလား
ငါမေ့ပစ်လို့မရခဲ့
မင်းပဲ မင်းပဲ အရင်လိုစွဲလမ်းမှုတွေနဲ့
မင်းနဲ့တွေ့ ရတဲ့အတွက် ဝမ်းသာတယ်
သူစိမ်းလို့ ပြောပြော မင်းစကားပြန်ကြားမယ်
နာကျင်နေလည်း အားတင်းထားမယ်
မင်းအနားမှာရှိသင့်တယ်
မင်းနဲ့တွေ့ရတဲ့အတွက် ဝမ်းသာတယ်
အတိတ်က အကြောင်းတွေ ခေါင်းထဲအပြည့်ပဲဟေ့
ငါဘာကြောင့်များ အခုထိမမေ့
သေရာပါမယ့် မင်းပုံရိပ်
မင်းအသံကြားနိုင်ဖို့
ငါဘယ်လောက် နားစွင့်ရတာနင်သိလား
ပြန်ကြားချင်နေတာ အမုန်းကင်းတဲ့ စကားများ
ငါ့အသက်ရှူခြင်းတွေအား
ဟိုအရင်လို အဓိပ္ပာယ်ဖွင့်ပေးဖို့
မင်းခွင့်မပြုတဲ့အခါ ဘာကြောင့်ငါ
ရှင်ရမယ် အဖြေကမရှိ
ဘယ်လိုငါ ရပ်တည်ရမှန်းမသိ
မင်းနဲ့တွေ့ရတဲ့အတွက် ဝမ်းသာတယ်
သူစိမ်းလို့ ပြောပြော မင်းစကားပြန်ကြားမယ်
နာကျင်နေလည်း အားတင်းထားမယ်
မင်းအနားမှာ ရှိသင့်တယ်
မင်းနဲ့တွေ့ရတဲ့အတွက် ဝမ်းသာတယ်
အတိတ်ကအကြောင်းတွေ ခေါင်းထဲအပြည့်ပဲဟေ့
ငါဘာကြောင့်များ အခုထိမမေ့
သေရာပါမယ့် မင်းပုံရိပ်
အကောင်းဆုံးလမ်းများရွေးခဲ့ရင်
ပျော်ရွှင်နေနိုင်မယ် ငါတို့နှစ်ယောက်ရဲ့ခရီး...
ငါမှားယွင်းမှုတို့မရှိခဲ့ရင်
နင်မုန်းတဲ့လူ ဖြစ်ဖို့ ဇာတ်လမ်းမရှိ
အခုတော့အိပ်မက်ကနိုးသွားသလို မင်းစွန့်ပစ်ထားခဲ့တဲ့အဆုံး.
ရေး...
ငါဘာကြောင့်အသက်ရှင်ရမှန်းမသိ.
အကောင်းလား အဆိုးလား ငါမသိပါ
ပြန်ဆုံတွေ့ တဲ့ အခိုက်အတန့်မှာ
အားလုံး ပြောင်းလဲ အရင်လိုမျိုးမဟုတ်တော့ပေမယ့်
မင်းနဲ့တွေ့ ရတဲ့အတွက် ဝမ်းသာတယ်
သူစိမ်းလို့ ပြောပြော မင်းစကားပြန်ကြားမယ်
နာကျင်နေလည်း အားတင်းထားမယ်
မင်းအနားမှာ ရှိသင့်တယ်
မင်းနဲ့တွေ့ ရတဲ့အတွက် ဝမ်းသာတယ်
အတိတ်ကအကြောင်းတွေ ခေါင်းထဲပြည့်နှက်လို့
ငါဘာကြောင့်များ အခုထိမမေ့
သေရာပါမယ့် မင်းပုံရိပ်
မင်းနဲ့တွေ့ ရတဲ့အတွက် ဝမ်းသာတယ်
သူစိမ်းလို့ ပြောပြော မင်းစကားပြန်ကြားမယ်
နာကျင်နေလည်း အားတင်းထားမယ်
မင်းအနားမှာ ရှိသင့်တယ်...
မင်းအနားမှာ ရှိသင့်တယ်...
ရေး... ရေး
ငါဘာကြောင့်များအခုထိမမေ့
သေရာပါမယ့် မင်းပုံရိပ်...

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar