Kishore Kumar Hits

Idiots - A Thet Nguig Nguig şarkı sözleri

Sanatçı: Idiots

albüm: Lu Ah Gitar


Idiots
A Thet Nguig Nguig
အမှန်.ပြောပါ
ငါယုံကြည်ခဲ့ရသမျှဟာ မုသားစကားများ
ပြန်ပေးပါ.ဒီအမာရွတ်များနဲ့
အတိတ်တွေငါမသိတဲ့ဘဝ
မခံနိုင်ဘူး ဒါအဆိပ်ခပ်ထားတဲ့ဆူး.
ငါနှုတ်လို့မရတော့ဘူး...
ရင်ဘတ်ထဲ ချုပ်ရိုးများနဲ့ပြန့်ကြဲ
(အသက်ငွေ့ငွေ့လေးပါ)
နင်ဖောက်စားလို့ ငါရဲ့ဦးနှောက်ပျက်တာ
(အသက်ငွေ့ငွေ့လေးပါ)
ဘယ်အရာအကောင်းလဲအဆိုးလဲမခွဲတတ်တော့ပါ
အသက်_ငွေ့ငွေ့လေးနဲ့ မသေရုံနင်အသုံးချခဲ့မဲ့အစား
သေသွားခဲ့ရင်ပိုကောင်းမှာ...
မတန်ဘူးကွာ ငါပုံအပ်ထားခဲ့ဘဝက
အမှိုက်များကြားထဲမှာ
ပစ်ထားခဲ့.နင်လိုရာသုံးပြီး ငါမှာဘာမှမရှိတဲ့အခါ
မခံနိုင်ဘူး ဒါအဆိပ်ခပ်ထားတဲ့ဆူး.
ငါနှုတ်လို့မရတော့ဘူး...
ရင်ဘတ်ထဲ ချုပ်ရိုးများနဲ့ပြန့်ကြဲ
(အသက်ငွေ့ငွေ့လေးပါ)
နင်ဖောက်စားလို့ ငါရဲ့ဦးနှောက်ပျက်တာ
(အသက်ငွေ့ငွေ့လေးပါ)
ဘယ်အရာအကောင်းလဲအဆိုးလဲမခွဲတတ်တော့ပါ
အသက်_ငွေ့ငွေ့လေးနဲ့ မသေရုံနင်အသုံးချခဲ့မဲ့အစား
သေသွားခဲ့ရင်ပိုကောင်းမှာ...
အဆုံးသတ်ပေးတော့ မနှိပ်စက်နဲ့
အဆုံးသတ်ပေး
(မင်းကြောင့်)
စဉ်းစားဖို့ ဦးနှောက်အလုပ်မလုပ်တော့
(မင်းကြောင့်)
အဆိုးနဲ့အကောင်း လုံးဝမခွဲတက်တော့
(မင်းကြောင့်)
အသက်ငွေ့ငွေ့ အဆုံးသတ်ပေးလိုက်တော့
အသက်ငွေ့ငွေ့လေးပါ ရုန်းထွက်ခွင့်ပေးပါ
မင်းလက်ခုပ်ထဲက ငါ့ဘဝ
အသက်ငွေ့ငွေ့လေးပါ ရုန်းထွက်ခွင့်ပေးပါ
မင်းရဲ့အကျဉ်းသားဘဝနဲ့ငါ
နင်ဖောက်စားလို့ ငါရဲ့ဦးနှောက်ပျက်တာ
(အသက်ငွေ့ငွေ့လေးပါ)
ဘယ်အရာအကောင်းလဲအဆိုးလဲမခွဲတတ်တော့ပါ
အသက်_ငွေ့ငွေ့လေးနဲ့ မသေရုံနင်အသုံးချခဲ့မဲ့အစား
သေသွားခဲ့ရင်ပိုကောင်းမှာ...
ဒီအသက်ငွေ့ငွေ့အား
အဆုံးသတ်ပေးလိုက်တော့

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar