Idiots - Ate Yar Win Tay şarkı sözleri
Sanatçı:
Idiots
albüm: Khit Thit Kyaut
နာရီလက်တံ ၁၀ ချက်တီးသံ
ကမ္ဘာတစ်ဖက်ခြား အိပ်စက်ဖို့ကျန်
အပြင်မှာရွာသွန်းတဲ့
July မိုးတွေ
ရွာသံ တစ်ဖြောက်ဖြောက် စည်းကြားမှာ
တိတ်ဆိတ်ငြိမ်သက် လမ်းမတွေထက်
မိုးအေးအေးနဲ့
ညဥ့် ငှက်တို့တောင် ပျင်းရိမှေးစက်
ပြတင်းပေါက်ကိုပိတ် အခန်းမီးတွေမှိတ် စိတ်လျှော့ကာအိပ်
မင်းအတွက်ကိုယ့် အိပ်ယာဝင်တေးလေး
နားဆင်ရင်းအခု
ကောင်းသောညလေးပါ ကိုယ့်ချစ်သူ
မင်းမျက်လုံးတွေမှိတ်လို့ တဒင်္ဂ အနားယူ
စုန်ခြည် ဆန်ခြည် ဒီ ဘဝရဲ့ လှိုင်းဒဏ်ကြား
အချစ်လေးမင်းမောပန်းလို့နေပြီလား
ကောင်းသောညလေးပါ ကိုယ့်ချစ်သူ
အိမ်မက်တို့လှအောင်
မင်းအတွက် ကိုယ် ဆုတောင်းပြု
ပူပန်စရာတွေကိုမတွေးနဲ့တော့ဒီည
အဆင်ပြေသွားမှာပေါ့ နောက်တစ်နေ့မနက်ကျ
အူးးးးး
အိပ်စက်လိုက်ပါကွာ တို့နှစ်ယောက်အတွက် ကောင်းသောညပါ
အဆင်မပြေမှုရယ် တာဝန်များလေး
မမြင်ကြာပေါ့ မင်းအပြုံးတွေပျောက်ကွယ်
အရာရာတိုင်းအတွက် ပူမနေတော့နဲ့
ကိုယ် ဝန်များထမ်းပိုးပေးမယ်
ပြတင်းပေါက်ကိုပိတ် အခန်းမီးတွေမှိတ် စိတ်လျှော့ကာအိပ်
ချော့သိပ်ဖို့အိပ်ယာဝင်တေးလေး
သီဆိုချိန်အခု
ကောင်းသောညလေးပါ ကိုယ့်ချစ်သူ
မင်းမျက်လုံးတွေမှိတ်လို့ တဒင်္ဂ အနားယူ
စုန်ခြည် ဆန်ခြည် ဒီ ဘဝရဲ့ လှိုင်းဒဏ်ကြား
အချစ်လေးမင်းမောပန်းလို့နေပြီလား
ကောင်းသောညလေးပါ ကိုယ့်ချစ်သူ
အိမ်မက်တို့လှအောင်
မင်းအတွက် ကိုယ် ဆုတောင်းပြု
ပူပန်စရာတွေကိုမတွေးနဲ့တော့ဒီည
အဆင်ပြေသွားမှာပေါ့ နောက်တစ်နေ့မနက်ကျ
အူးးးးး
အိပ်စက်လိုက်ပါကွာ တို့နှစ်ယောက်အတွက် ကောင်းသောညပါ
အူးးးးး
အိပ်စက်လိုက်ပါကွာ တို့နှစ်ယောက်အတွက် ကောင်းသောညပါ
အိပ်စက်လိုက်ပါကွာ တို့နှစ်ယောက်အတွက် ကောင်းသောညလေးပါ
Поcмотреть все песни артиста
Sanatçının diğer albümleri