မလိုတော့ဘူး တို့နှစ်ယောက် အိပ်မက်များ
အရင်လိုမျှော်လင့်စရာ
မလိုတော့ဘူးပေါ့ နှလုံးသားကိုငါ
ရင်မခုန်နိုင်ကွဲရှ
မလိုတော့ဘူး နှစ်သိမ့်ခြင်းနဲ့စကားလုံးများ
သတိရလွမ်းဆွတ်ဖို့အကြောင်းတရား
မလိုတော့ဘူး
မလိုတော့ဘူး မင်းအကြောင်းရေးနေကျ
ငါဆိုမယ့် သီချင်းများ
မလိုတော့ဘူး တီးခတ်ပြနေစရာ ဂီတာအိုလေးအား
မလိုတော့ဘူး နမ်းရိုက်ယုယ ပွေ့ဖက်ဖို့ ငါ့လက်များနဲ့ နှုတ်ခမ်းတစုံကို
မလိုတော့ဘူး
ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ ကျန်နေခဲ့တယောက်တည်း
ဘာတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူးကွယ်
မလိုပါငါ့တွက်
မလိုတော့ဘူး အမှတ်တရလက်ဆောင်များ
အပြန်အလှန်ပေးစရာ
မလိုတော့ဘူး တို့နှယောက်ဓာတ်ပုံများ
မှန်ဘောင်ရိုက်သွင်းကာ
မလိုတော့ဘူး
မင်းနဲ့ကြည့်ဖို့ရုပ်ရှင်တွေ
အတူလျှောက်ခဲ့မိုးသည်းထဲကနေ့
မလိုတော့ဘူး
ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ ကျန်နေခဲ့တယောက်တည်း
ဘာတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူးကွယ်
မလိုပါငါ့တွက်
ငါကျွမ်းလောင်ဆဲ
အပူမီးတောက်တွေအလယ်
အာရုံထဲမင်းအရိပ်တွေပဲ
ငါအဓိပ္ပါယ်မဲ့စွာ
ဖမ်းဆုပ်ကြည့်လဲ
လေထုထဲ လွင့်ပျယ်သွားခဲ့
ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ ကျန်နေခဲ့တယောက်တည်း
ဘာတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူးကွယ်
သံစဉ်တွေ အသက်မဲ့
ဘယ်အရာကိုငါအစားထိုးမလည်း
မင်းမရှိတော့ဒီသဘာဝအလှတရား အရာဝတ္ထုများဘာမှ
မလိုတော့ဘူးပဲ
Поcмотреть все песни артиста
Sanatçının diğer albümleri