Kishore Kumar Hits

Idiots - Di Lo Pael şarkı sözleri

Sanatçı: Idiots

albüm: Khit Thit Kyaut


တစ်ခါတစ်လေ ဘဝက
အားတက်နေရောင်အဆင်းအလား
တစ်ခါတစ်လေတော့ ဘဝဟာ
ခုံမင်နှစ်သက် လွမ်းမောစရာ
တစ်ခါတစ်လေ ဘဝမှာ
အားတက်စရာ အခွင့်အလမ်းများ
တစ်ခါတစ်လေ လမ်းတစ်ဝက်မှာ
အရာရာလွှတ်ချ အရှုံးပေးဖို့စဉ်းစား
သေချာဖမ်းဆုပ်မရတာတရား
ဒီလိုနဲ့အနိမ့်အမြင့်နဲ့
နေဝင်ခဲ့ မိုးသောက်တယ်
လှုပ်ရှားရုန်းကန် တစ်ရက်ပြီးတစ်ရက်
မှန်အောင်လုပ် ကြိုးစားရင်း
တစ်ခါထပ်ပြီး မှားတော့လဲ
သိပ်ပြီးစွဲလို့မထားတော့ပဲ
ဒီလိုပဲအတက်အကျနဲ့
သာယာခဲ့ စက်ဆုပ်တယ်
တကယ်တော့ဘဝဟာ
အခွံသက်သက်
ငါစားသုံးခဲ့ နှစ်လရက်
တစ်ခါတစ်လေဘဝမှာ
ဖြုန်းတီးစရာ အချိန်အများအပြား
တစ်ခါတစ်လေ ပခုံးထက်မှာ
တာဝန်များနဲ့ နွမ်းလျ စွာ
ပျော်ရလဲခဏ
ဝမ်းနည်းနေရလဲခဏ
ဒါဆိုအဆင်မပြေတဲ့ခဏမှာ
သင်နာကျည်းပြီးအရှုံးပေးဖို့ကြံမလား
ပြန်လည်ရုန်းထ ရှေ့ဆက်မလား
ဒီလိုနဲ့အနိမ့်အမြင့်နဲ့
နေဝင်ခဲ့ မိုးသောက်တယ်
လှုပ်ရှားရုန်းကန် တစ်ရက်ပြီးတစ်ရက်
မှန်အောင်လုပ် ကြိုးစားရင်း
တစ်ခါထပ်ပြီး မှားတော့လဲ
သိပ်ပြီးစွဲလို့မထားတော့ပဲ
ဒီလိုပဲအတက်အကျနဲ့
သာယာခဲ့ စက်ဆုပ်တယ်
တကယ်တော့ဘဝဟာ
အခွံသက်သက်
ငါစားသုံးခဲ့ နှစ်လရက်
တကယ်တော့ဘဝဟာ
အခွံသက်သက်
မတွယ်ငြိနဲ့ကွာ
မင်းထားခဲ့
ဘယ်သူမှမသိပါ
သေမယ့်ရက်
လွင့်မြောလိုက်ပါ
မစဉ်းစားနဲ့
တကယ်တော့ဘဝဟာ
အခွံသက်သက်
မတွယ်ငြိနဲ့ကွာ
မင်းထားခဲ့
ဘယ်သူမှမသိပါ
သေမယ့်ရက်
ဒီလိုနဲ့အနိမ့်အမြင့်နဲ့
နေဝင်ခဲ့ မိုးသောက်တယ်
လှုပ်ရားရုန်းကန် တစ်ရက်ပြီးတစ်ရက်
မှန်အောင်လုပ် ကြိုးစားရင်း
တစ်ခါထပ်ပြီး မှားတော့လဲ
သိပ်ပြီးစွဲလို့မထားတော့ပဲ
ဒီလိုပဲအတက်အကျနဲ့
သာယာခဲ့ စက်ဆုပ်တယ်
တကယ်တော့ဘဝဟာ
အခွံသက်သက်
လွင့်မြောလိုက်ပေါ့ နှစ်လရက်

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar