Kishore Kumar Hits

Charm - Ma Mone Yat Par şarkı sözleri

Sanatçı: Charm

albüm: Ma Mone Yat Par


မမုန်းရက်ဘူး ကြင်နာသူလေးရယ်
ဟိုးအရင်က နေဝင်ချိန်များရယ်
ပျော်ပါးခဲ့ဖူး အတူ ဒီအချိန်တွေ ငါသတိရဆဲပဲ
ငါ့ရဲ့အနားကို နင်ပြန်လာပါဦးကွယ်
ချစ်ခဲ့ကြတဲ့ ရက်တွေမှာ နင့်ဘက်ကစ ဖြတ်နေတာ
မငြင်းတတ်ခဲ့ ငါ့မနက်တွေမှာ ဘဝအလင်းဓာတ်လည်းမရ တစ်ချက်လေးမှ မနား
နင့်အတွက်ပဲ ငါ့လက်တွေက အတင်းမရပ်ဘဲ သီချင်းစပ်နေတာ
မင်းအဆက်ဖြတ်လည်း ရှင်းရန်ခက်ခဲ မင်းအတွက် ဒါ ငါ့သက်သေပါ
ကြားတဲ့ ဘေးစကားမသိချင်တော့ဘူး ငါ့ရဲ့ဘေးနား မရှိချင်တော့
သူထားခဲ့ အဝေးမှာ ငါ့ကိုလည်း ငါ့ဘက်က မနာကြည်းနိုင်လို့ရူး
နင့်ရဲ့အနားက အပြီးနှင်တော့ အခု စကားတို့ လျှောခဲ့ ကတိတွေမျောအတူ
ငါ့အလိုသဘောက နီးချင်သော် နင်ငါ့ကိုပြောတယ် မကြည့်ချင်တော့ဘူး
ငါ့ဘက်က ဘာမှားလို့လဲ?
တခြားတစ်ဘက်မှာ သာသွားလို့ပဲ
စကားတို့ဆက်ကာ ငါ့ကိုဖြတ်တာ အခွင့်မရှိခဲ့ပါ တားဖို့လည်း
မကြိုးစားခဲ့ အသာရဖို့အတွက် အငြိုးမထားလည်း ကမ္ဘာခြားလိုခဲ့
နင်သွားကတည်းက ရင်ခုန်သံတွေ နင်နဲ့အတူ ပါသွားလို့
ကဲ အခက်အခဲ အတားအဆီး နင်းဖြတ်ဖို့ ငါ့ရဲ့ဘဝကို ခင်းလျက်ကို
ငါ့အပေါ်အမြဲပဲ တအားလျှော်ခဲ့လည်း မ Foul ခဲ့ဖူးပါ နင့်ဘက်ကို
အစဥ်ပဲ ငါ့အချစ်လင်းလက်ဖို့ နင်ပြောခဲ့သမျှ မငြင်းခဲ့လို့
တခြားရင်ခွင်မှာ မင်းပျော်နေလည်း ကြားပါစေ ဒီသီချင်း Rap ကို
ထားခဲ့ရက်ပြီပဲ
ငါအရူးတစ်ပိုင်းနဲ့ ကြေကွဲ
မျှော်လင့်ထားတဲ့ နေ့ရက်တို့ ပျောက်လို့သွားမှာ
ငါကြိုသိထားပါတယ်
အမှတ်တရနေ့တွေလည်း
အိပ်မက်တစ်ခုလိုပဲ
ငါတန်ဖိုးထားခဲ့တဲ့ အနမ်းတချို့ လွမ်းနေဆဲ
တို့ဝေးနေလည်း
နှလုံးသားစစ်ထဲ ရွှေ့ကွက်နဲ့ အရှုံးများနင်းလျှက် ဝေးခဲ့တယ်
အပြုံးလမ်းခင်းလျှက် အမုန်းတစ်ဝက်ကိုတောင်
အချစ်ဆုံး နင့်အတွက် မပေးတတ်ခဲ့
မရစ်ခဲ့ဘူးကွာ ဘေးပတ်လည် အသစ်ရှိနေလား မတွေးခဲ့ဘဲ
ငါ့ဘဝတစ်ခုလုံး ဖြစ်တည်နေသမျှ အကုန်လုံး မင်းအတွက် ပေးဆပ်ခဲ့
ငါသွေးပျက်သွားအောင် နောက်တစ်ယောက်နဲ့ နင်တွဲတာသိလည်း နောက်မလှည့်ပါ
တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်နီးမှာပါ
အပြစ်လည်း မရှာ အတင်း စောင့်ခဲ့တာပဲ
နင့်အတွက် ငါ့အချစ် လောက်ခဲ့ပါတယ်
မင်းထွက်သွား အလင်းပျောက်ခဲ့တာပဲ
နှလုံးသားတစ်ခုလုံး ပုံအပ်ပြီးတော့ ချစ်ခဲ့တာ မင်းတစ်ယောက်တည်းပါပဲ
စိတ်ကူးခဲ့ဖူး အတူနေဖို့ သိပ်ရူးခဲ့ အခု အခုနေကို
ငါ့ရဲ့ဘေးကို ရောက်လာမယ်ဆို အပြစ်တွေလည်းမယူ သူအဝေးကို
ပြေးမသွားအောင် ဆုခြွေလို့ အတွေးများ ရောက် သူ့ဘေးသို့
အကုန်လုံး ဖြည့်ဆည်းခဲ့လည်း မင်း စ ထားသွားတော့ အခုရူးနေလို့
နာကြည်းခဲ့တယ် အရှုံးဘက်က ခံစားချက်တွေ သုံးခဲ့ကာ
သီချင်းတစ်ပုဒ် နင့်အတွက် ထုံးဖွဲ့ထား
နှလုံးသားနဲ့ ငါ့အချစ်ကို ဆုံးဖြတ်ပါ
ငါ့ရဲ့ ကမ္ဘာ ပျက်သုဥ်းခဲ့ရာက စခဲ့တာ ငါ အမုန်းစာသား
သီကုံးဖို့ စဥ်းစား တကယ်ချရေးတော့ သီချင်းနာမည်ကလည်း မမုန်းရက်ပါ
ထားခဲ့ရက်ပြီပဲ
ငါအရူးတစ်ပိုင်းနဲ့ ကြေကွဲ
မျှော်လင့်ထားတဲ့ နေ့ရက်တို့ ပျောက်လို့သွားမှာ
ငါကြိုသိထားပါတယ်
အမှတ်တရနေ့တွေလည်း
အိပ်မက်တစ်ခုလိုပဲ
ငါတန်ဖိုးထားခဲ့တဲ့ အနမ်းတချို့ လွမ်းနေဆဲ
တို့ဝေးနေလည်း

ချစ်ခဲ့ကြတယ်
ငါတို့နှစ်ယောက် အပြစ်မဲ့စွာနဲ့ ကြည်နူးနေချိန်
ငါ့ရင်ဘတ်ကို အကြောင်းပြချက်မဲ့ နင်းဖြတ်သွားတယ်
ငါ့ဘက်က မပြောင်းလဲ တော့တဲ့ သစ္စာတရားတွေ ရစ်ပတ်နှောင်ဖွဲ့
မင်းဘယ်လိုဖြစ်ချင်တာလဲ?
မသိချင်တော့ဘူး ငါ့ရဲ့ဘက်က ချစ်နေတုန်းပဲ
မုန်းခဲ့ကြတယ်
အတူတူ ကုန်ဆုံးခဲ့ကြတဲ့
အတိတ်တွေကို ပြန်တွေးကြည့်တော့ အချစ်ကြီးတဲ့ငါ ရှုံးခဲ့တာပဲ
ဘဝတစ်ခုစာ စိတ်နာမယ် တွေးထားလည်း အကုန်ပျက်သုဥ်းခဲ့တာပဲ
မချစ်နိုင်လည်းတောင်းဆိုချင်တယ် ငါ့ကိုတော့ နင် မမုန်းလိုက်ပါနဲ့
မမုန်းလိုက်ပါနဲ့
ထားခဲ့ရက်ပြီပဲ
ထားခဲ့ရက်ပြီပဲ
ငါအရူးတစ်ပိုင်းနဲ့ ကြေကွဲ
ငါအရူးတစ်ပိုင်းနဲ့ ကြေကွဲ
မျှော်လင့်ထားတဲ့ နေ့ရက်တို့ ပျောက်လို့သွားမှာ ငါကြိုသိထားပါတယ်
ကြိုသိနေတယ် ငါကြိုသိထားတယ်
အမှတ်တရနေ့တွေလည်း
အမှတ်တရနေ့တွေထဲ
အိပ်မက်တစ်ခုလိုပဲ
အိပ်မက်တစ်ခုလိုပဲ
ငါတန်ဖိုးထားခဲ့တဲ့ အနမ်းတချို့ လွမ်းနေဆဲ
လွမ်းနေဆဲ လွမ်းနေဆဲ လွမ်းနေဆဲ
တို့ဝေးနေလည်း
နင်ထားတဲ့အတိုင်း ငါ အရင်အတိုင်းပဲ
မေ့ဖျောက်ဖို့အတွက် ခွန်အားတို့ မရှိပါကွယ်

Поcмотреть все песни артиста

Sanatçının diğer albümleri

Demo

2022 · mini albüm

Benzer Sanatçılar