ဟဲလို ဒါလင် မတွေ့ရတာကြာပြီ
အရင်လိုကြည့်ကောင်း နေတုန်းပဲအချစ်ရေ
ဆုံတွေ့ရတာ တို့ဝမ်းသာ
အချစ်သစ်နဲ့လား ပျော်နေရဲ့လား
အဆင်ပြေစေဖို့ လှိုက်လှဲသောအပြုံးနဲ့
ဆုတောင်းပေးပါတယ်
မင်းသိချင်လား တို့အခြေအနေ
မပြေလည်တာတွေရဲ့တခြား အစွန်းရဲ့တစ်ဘက်မှာ
ငိုသံများ ညတေးသံ
ရင်မှာအလွမ်းနဲ့အတူ ချစ်ခြင်းဖွဲ့စကားကို
တို့ပြောမိစဉ် ဒီအချိန်မှာမသင့်ဘူး
တို့အမှား ခွင့်လွှတ်တော့
ထွေးဖက်ပါကွယ် ဝေးတဲ့နှုတ်ခမ်းလေး
အရင်လိုရှက်သွေး စိုစွတ်တဲ့အနမ်းတွေ
တစ်ကြိမ်တစ်ခါလောက် တို့လွမ်းနေ
Thank You ဒါလင် အရာရာလိုအင်
ပိုင်ဆိုင်ယူနိုင်စေဖို့
ဘဝတစ်လျှောက်လုံးကို
ရှင်တော်ဘုရား မစမှာပါ ဟား
Goodbye ဒါလင် ကံမဆုံတော့
ဒိုင်ယာရီမျက်ဝန်း အို မှေးစက်သွားအောင်
ဘယ်လိုအစွမ်း ရှာရမလဲ
တကယ်လို့ ရင်ထဲမှာဘာမှ တေးမှတ်မထားရင်
အချစ်များစွာ ကြိုနေသူဆီ
ပြန်လာခဲ့ပေ့ါ အချစ်လေး
Поcмотреть все песни артиста
Sanatçının diğer albümleri