Oasix - Yone şarkı sözleri
Sanatçı:
Oasix
albüm: X Unknown Album
Yone -
Oasix And Irene Zin Mar Myint
IZMM -
အရာရာ ဆုံးနေ ရှုံးနေလို့
အချစ်များ ရှာဖွေ ဖို့
တစ်ယောက်ထဲငါ
လျှောက်တဲ့ ဒီလမ်းတို့
ဒီကမ္ဘာမိုးသားနဲ့မြေ
အပိုင်စားရပါစေ
နင်ငါ့အနားမရှိရင်
ငါမနေတက်လို့
Oasix -
ငါ့ဘဝမှာ ရှိနေမှာ မင်း
မင်းဘဝမှာ ရှိနေမှာ ငါ
သေချာစဥ်းစားကာ ကြည့်တော့
ဝေးဖို့ ရှင်းပြစရာ မရှိပါကွာ
ထားရာနေ စေရာသွားဆိုလည်း
မင်းအနားမှာ ရှိနေမှာ ငါ
ငါမင်းနဲ့ နောက်ထပ် မဝေးနိုင်
ဘယ်သူမှမ ပေးနိုင်
မင်းနဲ့ပြတ်မယ့် အကြောင်းတွေ
ရင်ဘတ်နဲ့ သီချင်းထပ် မရေးနိုင်
ဦးနှောက်က အတွေးတိုင်းမှာ
မင်းကို နေရာ ပေးလိုက်တယ်
စွဲလမ်းမှုက မူးယစ်ဆေးဆို
လွမ်းတိုင်း ငါဟာ ဆေးမနိုင်
အခုတော့ ခဏတာ ခရီးနှင်
တစ်ချိန်မှာ မင်းနဲ့ နီးချင်လည်း
ဒီမှာ မိုးရွာရင်
စိတ်က အလိုလို ဘာညာ Feel ဖြစ်တဲ့
ဆရာကြီးအဖြစ်
ကမ္ဘာကြီး အသစ်ပြန်ဖြစ်တဲ့
အချိန်တွေအထိအောင်
ငါဟာ မင်းကိုအကြာကြီးချစ်မယ်
I am so lonely,
ဝေးရတာကို မုန်းမိတယ်
ငါ့အချစ်က မင်းအတွက်
စကြာဝဠာ အနတ္တအဆုံးမရှိ
သံသရာ အဆုံးထိ
မင်းအတွက် ဘယ်တော့မှ မမုန်းမရှိ
မင်းပျော်ရင် ငါပြုံးမိတယ်
ယုံ, One And The Only
IZMM -
အရာရာ ဆုံးနေ ရှုံးနေလို့
အချစ်များ ရှာဖွေဖို့
တစ်ယောက်ထဲငါ
လျှောက်မယ့် ဒီလမ်းတို့
ဒီကမ္ဘာမိုးသားနဲ့မြေ
အပိုင်စားရပါစေ
နင်ငါ့အနားမရှိရင်
ငါမနေတက်လို့
Oasix -
နောက်ဆုတ်ဖို့ ကြိုးစားရင်းငါ အရှေ့ပိုတိုးမိ
မိုးရွာရင် မင်းလေးမိုးမိမှာကို စိုးမိတယ်
Oh Please,
မင်းမျက်နှာကို ပြန်ခိုး
ကြည့်တာမျိုးအထိကို So Sweet,
သံယောဇဥ်တွေ ကြိုးချည်
နားလည်မှုတွေ ပေးချင်လို့ ပါ
မျက်စိမှိတ် လက်ဖြန့်
ဘယ်တော့မှ မင်းကို မထားခဲ့ဘူး ယုံ
ငါမင်းကို အရမ်းလွမ်းတဲ့ အချိန်တွေ
နေ့ရက် နာရီ ပြောင်းလဲ သွားသော စက္ကန့်
မနက်ဖြန်တိုင်းမှာ မင်းအနားရှိနေမယ်
ငါ့ အချစ်တွေ ဘယ်တော့မှ မရပ်တန့်
စိတ်ဓာတ်တွေကျ ငါ စိတ်ဓာတ်တွေကျ
ဒီမှာ မင်းအကြောင်း စဥ်းစားရင်းနဲ့
အိပ်ရေးပျက် ညတွေများရ
မင်းဖုန်းကို ပိတ်ပြီး အိပ်တော့
အိမ်မက်များမြေခ
အသည်းပါ ကြွေကျအောင်
မင်းနှိပ်စက်ထားလေလား
မင်းပါး မင်းနှုတ်ခမ်း
စွဲလမ်းတဲ့ မင်းအသံ
ရှုံးနိမ့်မှုတွေ ပြင်းထန်ချိန်
မင်းငါ့အတွက် အလင်းတန်း
မေတ္တာဆိုတာ အလင်းပြန်တယ်
အရာရာ မင်းအမှန်
နင်းအမိန့်တွေ လုံးဝ မငြင်းဆန်
ခစားမယ် မင်းထံ
IZMM
အရာရာ ဆုံးနေ ရှုံးနေလို့
အချစ်များရှာဖွေဖို့
တစ်ယောက်တည်းငါ
လျှောက်မယ့် ဒီလမ်းတို့
ဒီကမ္ဘာမိုးသားနဲ့မြေ
အပိုင်စားရပါစေ
အိုး... နင်ငါ့အနားမရှိရင်
ငါမနေတက်လို့
Oasix -
မင်းပျော်ရင်ငါ ပြုံးမိတယ်
One And the Only
IZMM -
အရာရာ ဆုံးနေ ရှုံးနေလို့
အချစ်များရှာဖွေဖို့
တစ်ယောက်ထဲငါ
လျှောက်မယ့် ဒီလမ်းတို့
ဒီကမ္ဘာမိုးသားနဲ့မြေ
အပိုင်စားရပါစေ
အိုး... နင်ငါ့အနားမရှိရင်
ငါမနေတက်လို့
Oasix-
မင်းက နောက်ဆုံးမှာ
ဒဏ်ရာများနဲ့ ငါ့ကိုထားသွား
အချစ်နဲ့စစ်က မတရားလို့
အနိုင်လိုချင်တာများလား
^ငါပြောတာမှားလား
ဂရုစိုက်သွားပါ
Поcмотреть все песни артиста
Sanatçının diğer albümleri