တိတ်တခိုးလေးနဲ့ပဲ ကိုယ်ကချစ်နေတယ်
ရင်မဆိုင်ရဲဘူး မင်းလေးအကြည့်နဲ့
ခံစားချက်တွေနဲ့ သီကုံးထားသမျှလည်း
ရင်မှာသိုဝှက်ပြီး ငါ သိမ်းလိုက်တော့မယ်
အကြိမ်ကြိမ်အခါခါ ကြိုးစားဖူးတယ်
အကြိမ်ကြိမ်အခါခါ ငါဆွံ့အမြဲ
အို မင်းအမုန်းတွေ မလိုချင်
ငါဟာ အရှုံးနဲ့လူပါ
မပြိုင်ခင် ရှုံးနှင့်နေပြီးသား
အမုန်းများက ငါ့အတွက်ဆုလာဘ်လား
ငါဟာ တစ်ဖက်သတ်ချစ်နေတာ
ယဉ်ယဉ်လေးနဲ့ ရူးနေသူပါ
ဖွင့်ပြောဖို့ခက်နေတာ မင်းလေးနားလည်ပေးပါ
အရမ်းချစ်တယ် မင်းသမီးလေးရာ
♪
စိတ်ကူးလေးတွေနဲ့ ငါရူးမိနေခဲ့
မရေရာတဲ့ အချစ်တို့ပေးမယ့်
ခံစားချက်တွေနဲ့ သီကုံးထားသမျှလည်း
ရင်မှာသိုဝှက်ပြီး ငါ သိမ်းလိုက်တော့မယ်
အကြိမ်ကြိမ်အခါခါ ကြိုးစားဖူးတယ်
အကြိမ်ကြိမ်အခါခါ ငါဆွံ့အမြဲ
အို မင်းအမုန်းတွေ မလိုချင်လို့
ငါဟာ အရှုံးနဲ့လူပါ
မပြိုင်ခင် ရှုံးနှင့်နေပြီးသား
အမုန်းများက ငါ့အတွက်ဆုလာဘ်လား
ငါဟာ တစ်ဖက်သတ်ချစ်နေတာ
ယဉ်ယဉ်လေးနဲ့ ရူးနေသူပါ
ဖွင့်ပြောဖို့ခက်နေတာ မင်းလေးနားလည်ပေးပါ
အရမ်းချစ်တယ် မင်းသမီးလေးရာ
ငါဟာ အရှုံးနဲ့လူပါ
မပြိုင်ခင် ရှုံးနှင့်နေပြီးသား
အမုန်းများက ငါ့အတွက်ဆုလာဘ်လား
ငါဟာ တစ်ဖက်သတ်ချစ်နေတာ
ယဉ်ယဉ်လေးနဲ့ ရူးနေသူပါ
ဖွင့်ပြောဖို့ခက်နေတာ မင်းလေးနားလည်ပေးပါ
အရမ်းချစ်တယ် မင်းသမီးလေးရာ
အရမ်းချစ်တယ် မင်းသမီးလေးရာ
Поcмотреть все песни артиста
Sanatçının diğer albümleri