Kishore Kumar Hits

Sai Sai Kham Leng - Thanar Thaw Ah Phyint şarkı sözleri

Sanatçı: Sai Sai Kham Leng

albüm: Sai Sai Is Sai Sai


နင်သွားချင်တဲ့နေရာသွား စားချင်တဲ့အချိန်စား
ငါ့ကိုလုံးဝနင်လေ အဖက်မလုပ်တော့တဲ့အခါ
ငါဟာသွေးပျက်နေ
အရွဲ့တိုက်လွန်းပါတယ် အလျှော့ပေးနေရတာလည်း
အမြဲလိုပြဿနာဖြစ်ရင် နင်ဖုန်းပိတ်ထားတဲ့ခဏ
ငါဟာအရူးတစ်ပိုင်းလေ
ငါဘာတွေအမှားလုပ်မိလို့လဲ
မင်းမကြိုက်တာရှိရင်ပြောပါ ပွင့်ပွင့်လင်းလင်း
ရင်ခုန်ခြင်းများ ဆွံ့အသွား
ငါ့ဘဝမှာမင်းမရှိရင် မနေတတ်လို့
ငါဘာတွေလုပ်ရမလဲ မသိတော့ဘူး
နင်ဘယ်မှာရှိနေလဲ မပြောတတ်ဘူး
ငါခံနိုင်အားတွေလည်း မရှိတော့ဘူး
သနားသောအားဖြင့် ငါ့ဆီ ပြန်ခဲ့ဦး
သနားသောအားဖြင့် အိုး ချစ်သူရေ
ငါ ဒီညတော့ စိတ်ဓာတ်တွေလဲပြိုကျ
ငါ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တစ်စကတွဲခိုကျ
အရင်ကဖုန်းဆက်လို့ သီချင်းတစ်ပုဒ်ငါ အမြဲဆိုပြနေကျ
အခုတော့ နင်ဓားနဲ့ ငါ့အသည်းကိုခွဲမလို့လား
အမြဲအတူသွားနေကျ ဘုရား ရင်ပြင်ပေါ်ရောက်လည်းလွမ်းတယ်
ငါ့ကိုပြနေကျဟာသ ဓာတ်ပုံတွေမြင်လည်းလွမ်းတယ်
နင့်ကို အရာရာခပ်သိမ်းလွမ်းတယ်
စကားတွေများခဲ့ ခရီးတွေသွားခဲ့ဖူးတဲ့အချိန်တွေကိုလည်းလွမ်းတယ်
ငါသေသွားရင်တောင် အရိုးကတွန်မှာ မင်းရဲ့နာမည်
ငါဒီလောက်ထိကျိုးနွံနေတာ မင်းထပ်ပြီးတော့ မညှင်းဆဲပါနဲ့
မင်းနဲ့ငါ ကင်းကွာခဲ့ အခြေအနေတွေ တင်းမာခဲ့
ကြေးမုံသတင်းစာထဲ လူပျောက်ကြော်ငြာ အတင်းငါထည့်
သူငယ်ချင်းစာရင်းမှာလည်း ငါ့ကိုမင်းက ဘလော့ခ်ထားတာ
ငါဘယ်လိုဖြေရှင်းရမလဲ ဒါကလည်းမင်းအထာပဲ
ငါသိတယ်မငြင်းပါနဲ့ အချစ်ကိုလေ မင်းမညာနဲ့ အား
တစ်လောကလုံးမှာငါ့အချစ်ဆုံးက မင်းပါပဲ အချစ်ရေ
ငါဘာတွေလုပ်ရမလဲ မသိတော့ဘူး
နင်ဘယ်မှာရှိနေလဲ မပြောတတ်ဘူး
ငါခံနိုင်အားတွေလည်း မရှိတော့ဘူး
သနားသောအားဖြင့် ငါ့ဆီ ပြန်ခဲ့ဦး
သနားသောအားဖြင့် အိုး ချစ်သူရေ
ငါဘာတွေအမှားလုပ်မိလို့လဲ
မင်းမကြိုက်တာရှိရင်ပြောပါ ပွင့်ပွင့်လင်းလင်း
ရင်ခုန်ခြင်းများ ဆွံ့အသွား
ငါ့ဘဝမှာမင်းမရှိရင် တကယ်မဖြစ်လို့
ငါဘာတွေလုပ်ရမလဲ မသိတော့ဘူး
နင်ဘယ်မှာရှိနေလဲ မပြောတတ်ဘူး
ငါခံနိုင်အားတွေလည်း မရှိတော့ဘူး
သနားသောအားဖြင့် ငါ့ဆီ ပြန်ခဲ့ဦး
သနားသောအားဖြင့် အိုး ချစ်သူရေ
ငါဘယ်တုန်းကမှ အချစ်ကိစ္စအကျွမ်းတဝင်
ဖြေရှင်းဖို့က မကျွမ်းကျင်
ရှေ့ဆက်ဖို့လမ်းစက ကမ်းမမြင် လမ်းမမြင်
မင်းအတွက်ခံစားရင်း စာသားတွေအံချပစ်
ငါရေးထားတာ မင်းနဲ့ငါ အဆက်အသွယ်ပြန်ရရင်
ငါရွတ်ဆိုပြမယ့် သီချင်း

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar