Htoo Eain Thin - Nar Yi Yae Thichin şarkı sözleri
Sanatçı:
Htoo Eain Thin
albüm: Nar Yi Paw Ka Myat Yay Sat Myar
မြစ်တစ်ခုလို အချိန်များစီးဆင်းဆဲ
လူ့ဘဝကို တို့ရရှိခဲ့တယ်
လောကကို ပေးဆပ်ဖို့ပဲ
ဘဝအတွက် နှစ်သိမ့်ခဲ့
အို ရေဆန်လေဆန် ဒီခရီးလမ်းထဲ
လူ့ဘဝတစ်ခုတော့
အခိုင်အမာ ဆောက်တည်မယ်
လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက်
အခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ
နှလုံးသားမှာ သတိရှိနေ
အိုး စွန့်လွှတ်ဖို့ အသင့်ပဲ
ကိုယ်ရည်ရွယ်တာတွေ မဖြစ်သေးလည်း
သန့်သန့်ရှင်းရှင်း
နေထိုင်အသက်ရှင်မယ်
လောဘ ဒေါသ မီးတောက်တွေ
မောဟ သောက မီးတောက်တွေ
ငြိမ်းရ သတ်ရ ခက်ခဲ့ရင်
သီချင်းလေး နားဆင်ဦး
အိုး လောဘ ဒေါသ မီးတောက်တွေ
မောဟ သောက မီးတောက်တွေ
ငြိမ်းရ သတ်ရ ခက်ခဲ့ရင်
သီချင်းလေး နားဆင်ဦး
နာရီရဲ့သီချင်း
နာရီရဲ့သီချင်း
နာရီရဲ့သီချင်း
ဟေး သတိပြုကွယ်
လူ့ဘဝဟာ ရခဲလွန်းလှတယ်
ကိုယ့်ဘဝကို အလွဲသုံးစားမလုပ်နဲ့
တစ်နေ့နေ့ သေခြင်းတရားမှာ
အားလုံး အဆုံးသတ်ရမယ်
အို ရှင်သန်ချိန်တွေ တိုတောင်းလွန်းတယ်
မကောင်းမှုလုပ်ဖို့
အချိန်တွေ နှမြောပါတယ်
♪
လောဘ ဒေါသ မီးတောက်တွေ
မောဟ သောက မီးတောက်တွေ
ငြိမ်းရ သတ်ရ ခက်ခဲ့ရင်
သီချင်းလေး နားဆင်ဦး
အိုး လောဘ ဒေါသ မီးတောက်တွေ
မောဟ သောက မီးတောက်တွေ
ငြိမ်းရ သတ်ရ ခက်ခဲ့ရင်
သီချင်းလေး နားဆင်ဦး
နာရီရဲ့သီချင်း
နာရီရဲ့သီချင်း
နာရီရဲ့သီချင်း
အား သတိပြုကွယ်
လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက်
အခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ
နှလုံးသားမှာ သတိရှိနေ
အိုး စွန့်လွှတ်ဖို့ အသင့်ပဲ
ကိုယ်ရည်ရွယ်တာတွေ မဖြစ်သေးလည်း
သန့်သန့်ရှင်းရှင်း
နေထိုင်အသက်ရှင်မယ်
Поcмотреть все песни артиста
Sanatçının diğer albümleri