Htoo Eain Thin - Sway Pyi şarkı sözleri
Sanatçı:
Htoo Eain Thin
albüm: Nar Yi Paw Ka Myat Yay Sat Myar
ပန်းကိုချစ်တယ်
ရယူဖို့အတွက်
ခူးခြွေလိုက်ဖို့ ကျွန်တော်ဟာ
စိတ်တော့မကူးဘူး အလှပဲကြည့်
ကြည့်နေစဉ်မှာ
တယောက်သူလက်ကို
ပန်းကလေးရောက်ရှိသွားတော့
ဆွေးပြီ အဆွေးကြီးဆွေး
♪
သူ့ကိုချစ်တယ်
ရယူဖို့အတွက်
အရဲစွန့်ပြောဖို့ ကျွန်တော်ဟာ
စိတ်တော့မကူးဘူး အလှပဲကြည့်နေ
ကြည့်နေစဉ်မှာ
အခြားရင်ထဲကို
မိန်းကလေးရောက်ရှိသွားတော့
ဆွေးပြီ အဆွေးကြီးဆွေး
ဆွေးပြီ
ဆွေးပြီ
ပန်းကလေးတစ်ပွင့်ကို သိပ်မြတ်နိုးလို့
ချစ်သူကျွန်တော်လေ
ဆွေးပြီ
ဆွေးပြီ
မိန်းကလေးတစ်ယောက်ကို သိပ်မြတ်နိုးခဲ့လို့
မင်းကိုချစ်ရင် ရယူဖို့အတွက်
အရဲစွန့်ပြောဖို့လိုတာ သိရှိခဲ့တော့ လွန်နေပြီလေ
ကြည့်နေစဉ်မှာ
တခြားရင်ခွင်ထဲ
မင်းလေးရောက်ရှိသွားတော့
ဆွေးပြီ အဆွေးကြီးဆွေး
♪
ဆွေးပြီ
ဆွေးပြီ
ပန်းကလေးတစ်ပွင့်ကို သိပ်မြတ်နိုးလို့
ချစ်သူကျွန်တော်လေ
ဆွေးပြီ
ဆွေးပြီ
မိန်းကလေးတစ်ယောက်ကို သိပ်မြတ်နိုးခဲ့လို့
မင်းကိုချစ်ရင် ရယူဖို့အတွက်
အရဲစွန်ပြောဖို့လိုတာ သိရှိခဲ့တော့ လွန်နေပြီလေ
ကြည့်နေစဉ်မှာ
တခြားရင်ခွင်ထဲ
မင်းလေးရောက်ရှိသွားတော့
ဆွေးပြီ အဆွေးကြီးဆွေး
ဟား
ဆွေးပြီ အဆွေးကြီးဆွေး
ဟား
ဆွေးပြီ အဆွေးကြီးဆွေး
Поcмотреть все песни артиста
Sanatçının diğer albümleri