Htoo Eain Thin - Kyite Tha Lo Lote şarkı sözleri
Sanatçı:
Htoo Eain Thin
albüm: Nar Yi Paw Ka Myat Yay Sat Myar
အဆိပ်ငွေ့တွေ သွေးထဲမှာ ရှိပြီးနေတုန်းပဲ
ငါ့အသက်ဟာ မင်းလက်ထဲမှာ သတ်ချင်သတ်လိုက်
သွေးပျက်အောင် ချောက်လှန့်တယ် မင်းမျက်လုံးတွေ
နှလုံးသားကို ရူးသွပ်သွားအောင် လုပ်ချင်လုပ်လိုက်
ဒီကမ္ဘာမှာ ငါတစ်ယောက်တည်း အညှိုးခံလူသား
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
စိတ်ဓါတ်တွေ ချည့်နဲ့အောင် မင်းလုပ်ထားတယ်
ငါ့ဘဝကို စက်ရုပ်ဖြစ်အောင် ထားချင်ထားလိုက်
သွေးသားတွေ ခမ်းခြောက်အောင် ဝါးမျိုထားတယ်
သစ်ရွက်လို ဘဝတစ်ခုလုံးကို နင်းခြေပစ်လိုက်
ဒီကမ္ဘာမှာ ငါတစ်ယောက်တည်း အညှိုးခံလူသား
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
ဟာ ရက်စက်ပါလား
မင်းအရိပ်က ခွဲမရအောင် လိုက်လို့နေမလား
ဟာ ရက်စက်ပါလား
အမြဲတမ်းပဲ အညှိုးကြီးစွာ နှိပ်စက်နေမလား
အနိုင်ယူတာ မကျေနပ်သေးဘူးလား
♪
အလင်းတန်းတွေ အဝေးရောက်အောင် မင်းလုပ်ထားတယ်
အသိစိတ်တွေ လမ်းစပျောက်အောင် မင်းလှည့်စားလိုက်
ထွက်ပေါက်တွေ အားလုံးကို မင်းပိတ်ထားတယ်
ဘဝအဓိပ္ပါယ် ကင်းမဲ့သွားအောင် မင်းဖျက်စီးလိုက်
ဒီကမ္ဘာမှာ ငါတစ်ယောက်တည်း အညှိုးခံလူသား
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
မီးတောက်မယ့် သောကတွေ မင်းဖန်တီးတယ်
ငါ့အသည်းကို ကွဲအက်သွားအောင် သပ်လျှိုသွင်းလိုက်
ဘဝရဲ့မျှော်လင့်ချက်တွေ မင်းဖျက်ဆီးတယ်
လုပ်လိုက် စိတ်ကြိုက် ငါ့ကို မင်းချေမှုန်းလိုက်
ဒီကမ္ဘာမှာ ငါတစ်ယောက်တည်း အညှိုးခံလူသား
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
ကံကြမ္မာရယ် လုပ်လိုက်
ဟာ ရက်စက်ပါလား
မင်းအရိပ်က ခွဲမရအောင် လိုက်လို့နေမလား
ဟာ ရက်စက်ပါလား
အမြဲတမ်းပဲ အညှိုးကြီးစွာ နှိပ်စက်နေမလား
အနိုင်ယူတာ မကျေနပ်သေးဘူးလား
ရေး
Поcмотреть все песни артиста
Sanatçının diğer albümleri