Htoo Eain Thin - A Maye Aye Yate şarkı sözleri
Sanatçı:
Htoo Eain Thin
albüm: A Kywin Mae Myittar Taw Thi Chin Thot A May
လူကြုံရင် တမှာထဲမှာ
လူလာတိုင်း တမေးမေးနဲ့
အဝေးရောက်နေတဲ့
သားတစ်ယောက်အတွက်
ရတက်ငယ် မအေးတဲ့
မွေးမေမေရယ်
လွမ်းအားနဲ့ ပူပင်ကာ
တဖွဖွပြောရင်း
ကျွဲပါးစောင်းတီး စကားလိုပဲ
အသိခက်တဲ့သား
ဇွတ်တရွတ်နိုင်အား
မိဘစကား ပယ်ရှားလို့
ဒုက္ခရောက်တာ ကိုယ်တွေ့ပဲမို့
သားမိုက် သိနားလည်ခဲ့ပြီ
♪
သီတာရေကြည် တပေါက်ကျ
မိဘတိုင်း စိတ်အေးချမ်းမြ ထွေးပိုက်ချင်မယ့်
သားအလှရဲ့ နဖူးပြင်လေး
မွှေးကြူကာရယ်
ခေါင်းစိုက်မှေးမှီရင်း
ကဗျာချို တအေးအေး ညည်းကာ
ကျောသပ်လို့ ချော့သိပ်ပုံများ
အဝေးရောက်တဲ့သား
မေ့ရက်နိုင်အား
သောကစိတ် ခြေမွလို့
ဝမ်းနည်းဆွေးပူနေတောင်မှပဲ
တောင်းဆုမပျက်တဲ့ အမေ့မေတ္တာ
♪
ဘယ်ဆီဘယ်ဝယ် ရောက်ရောက်
အချိန်တန်လို့ အပြန်လမ်းခရီးက
အမေ့ရဲ့ရင်ခွင် တစ်ပါးမှလွဲရင်
တခြား နားခိုစရာမမြင်
တောင်းဆိုးပလုံးဆိုးသာ စွန့်ပစ်ရိုးထုံးစံ
သားဆိုးသမီးဆိုး မစွန့်နိုင်ခဲ့
ကျေးဇူးမြင့်မား
မြင့်မိုရ်တောင်မက
အမေ့ရဲ့မျက်ရည် စို့စို့
ခန်းခြောက်ဖို့မျှော်ရည်ကာ အဝေးမှ
အမေ့အေးရိပ် သားပြန်ခဲ့ပြီ
♪
သီတာရေကြည် တပေါက်ကျ
မိဘတိုင်း စိတ်အေးချမ်းမြ ထွေးပိုက်ချင်မယ့်
သားအလှရဲ့ နဖူးပြင်လေး
မွှေးကြူကာရယ်
ခေါင်းစိုက်မှေးမှီရင်း
ကဗျာချို တအေးအေး ညည်းကာ
ကျောသပ်လို့ ချော့သိပ်ပုံများ
အဝေးရောက်တဲ့သား
မေ့ရက်နိုင်အား
အမေ့ရဲ့မျက်ရည် စို့စို့
ခန်းခြောက်ဖို့ မျှော်ရည်ကာအဝေးက
အမေ့အေးရိပ် သားပြန်ခဲ့ပြီ
အမေ့အေးရိပ် သားပြန်ခဲ့ပြီ
မလွမ်းနဲ့တော့ သားပြန်ခဲ့ပြီ
Поcмотреть все песни артиста
Sanatçının diğer albümleri