ကြယ်တွေစုံတဲ့ည ကိုယ့်အိပ်မက်လေးငယ်
ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ်
ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့ သီချင်းတွေလည်း
ရင်တွေကွဲသွားအောင် ဆိုနေဦးမယ်
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကို လွမ်းတယ်
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေ ခြားစဉ်
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင် အတူပြန်ဆုံဦးမယ်
နာကျင်စွာ တစ်ယောက်ထဲ တရေးနိုးတဲ့ညတို့ မှောင်နေဆဲ
♪
အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်း အိပ်မက်ရှည်တွေနဲ့
အိုး အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရယ် ငါ့ရဲ့အကြောင်းတွေ
ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေ တကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်
နေညိုညိုလောင်းလေးထက် နေ့စဉ်စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်
♪
နာကျင်စွာ တစ်ယောက်ထဲ တရေးနိုးတဲ့ညတို့ မှောင်နေဆဲ
♪
အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်း အိပ်မက်ရှည်တွေနဲ့
အိုး အမြဲတမ်းသတိရနေတယ်
ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရယ် ငါ့ရဲ့အကြောင်းတွေ
ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေ တကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်
နေညိုညိုလောင်းလေးထက် နေ့စဉ်စောင့်နေမယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်ရယ်
နေညိုညိုလောင်းလေးထက် နေ့စဉ်စောင့်နေမယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်
Поcмотреть все песни артиста
Sanatçının diğer albümleri