Khine Htoo - Myat Thaw A Kyint şarkı sözleri
Sanatçı:
Khine Htoo
albüm: Moe Yal Yin Saung Yal Ya Mal
မြတ်သောအကျင့်
ရေး-ကိုနေဝင်း၊ ဆို-ခိုင်ထူး
မနက်မိုးလင်းလင်းချင်းကားလမ်းဘက်က
ကားသံတွေ အတိုင်းသားကြားတဲ့
အခိုက်မှာ ငါဟာ နိုးတစ်ဝက်၊ အိပ်တစ်ဝက်
အသာအယာအနားတိုးလှုပ်၍
ငါ့မိတ်ဆွေကို နှိုးရင်း နှုတ်ဆက်
မကြုံလို့လွှဲမရတဲ့ နေ့ရက်ရောင်နီ
ရောက်လုလာပြီ၊ ခွင့်ပြုသူငယ်ချင်း
တစ်လှမ်းချင်းလှမ်းရင်း တရွေ့ရွေ့ထွက်ခဲ့
အရှေ့မှာ မျှော်လင့်ခြင်း
တိုးရင်း တွန်း၍ အသက်ဆက်ယုံကြည်ခြင်း
မမြဲသော လက်နဲ့ ချို့တဲ့ငါ့ဘဝ
ရှိပါစေ သူငယ်ချင်း
ငါသည် မြတ်သော အကျင့်ကို ကျင့်၍
နေရာအနှံ့၌ နေ၏
နေမွန်းတည့်တစ်နေ့ရဲ့ တစ်ပိုင်းတစ်စကျွမ်းလု
အလင်းရောင်တွေ လွှမ်းမိုးတလက်လက်
အနောက်တောင်လေပြေဖြည်းဖြည်းတိုက်ခတ်
ကံကို အားထားရှေ့ဆက်
ငါ့ကုသိုလ်ဟာ နည်း၊ နည်းလွန်းလှ
တစ်ကိုယ်စာဝမ်းရေးအတွက် လမ်းစဖွေရှာ
လမ်းရဲ့ အလယ်မှာ လမ်းလျှောက်နေတုန်း
တစ်လှမ်းချင်းလှမ်းရင်း တရွေ့ရွေ့တက်ခဲ့
အရှေ့မှာ မျှော်လင့်ခြင်း
တိုးရင်း တွန်း၍ အသက်ဆက်ယုံကြည်ခြင်း
ရိုးသားခြင်း၌ ဆင်းရဲငါ့ဘဝ
ရှိပါစေ သူငယ်ချင်း
ငါသည် မြတ်သော အကျင့်ကို ကျင့်၍
မြေမှာ ရပ်၍ နေ၏
ညလည်း မိုးချုပ်လု၊ နေ့ရဲ့အဆုံးသတ်
ငါ့ရင်မှာ တထင့်ထင့်စိတ်က
နားခိုရာကို တွေးစဉ်းစားရင်း
အလိမ်မာသားလေးအခုတော့
အသိနောက်ကွယ်မှာ အမှားကြီးမှားခဲ့
ကိုယ်ကို အားကိုးရင်း အဆိုးရဲ့ သံသရာ
အမိုက်ရဲ့ ကံကြမ္မာ ဘဝက တိုက်ပွဲ
မြားမိုးနှင်းအောက် ဒူးထောက်ခေါင်းငုံ့
ငြင်းပယ်ဝန်ခံခြင်း
သွေးစွန်းလက်နှင့် ရဲရင့်အောင်နိုင်မင်း
ငြိမ်းအေးခြင်း၌ မှေးစက်ငါ့ဘဝ
ကုသိုလ်ခေါ်၊ သူငယ်ချင်း
ငါသည် မြတ်သော အကျင့်ကို ကျင့်၍
အမှန်တရား၌ နေ၏
ငါသည် မြတ်သော အကျင့်ကို ကျင့်၍
အမှန်တရား၌ နေ၏
ငါသည် မြတ်သော အကျင့်ကို ကျင့်၍
အမှန်တရား၌ နေ၏
Поcмотреть все песни артиста
Sanatçının diğer albümleri