Khine Htoo - Eain A Lwann şarkı sözleri
Sanatçı:
Khine Htoo
albüm: Khattar Nhit A Kaung Sone Thi Chin Myar
အိမ်အလွမ်း
ရေး-ကိုမောင်မောင်၊ ဆို-ခိုင်ထူး
အိမ်ပြန်ချင်တဲ့ အလွမ်း
ဆီးနှင်းတို့ကျစတစ်ညမှာ အိမ်ကို ပစ်ပြီးတော့
မပြေလည်နိုင်တဲ့ လမ်းမှန်း
သိလျှက်နဲ့ တစ်လှမ်းချင်းလှမ်းကာ ရင်ဆိုင်နေဆဲက
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ်ရောက်လာတယ်
စိန်ခေါ်နေတဲ့ လမ်း
ဆူးခင်းနဲ့ စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့
စိုပြည်နိုင်မယ့် နည်းလမ်း
ရှိလျှက်နဲ့ မနီးစပ်သေးခင်ရှာဖွေနေဆဲက
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ်ရောက်လာတယ်
အလွမ်း... ပြန်ချင်စိတ်ကြောင့်
အလွမ်း... ပြန်ချင်ဇောကြောင့်
နေ့ခင်း... အိပ်မက်ထဲမှာ
အတွေး... အိပ်မက်ထဲမှာ
အိမ်ပြန်ဖြစ်တယ်
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ်ရောက်လာတယ်
မိန်ရာသီရဲ့ စန်း
နက္ခတ်နဲ့ လိုက်လို့ညှိကာ အဖြေပြန်တွက်ပြီးတော့
အမေအိုမျှော်မယ်မှန်းလည်း
သိရက်နဲ့ ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင်
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ်ရောက်လာတယ်
အလွမ်း... ပြန်ချင်စိတ်ကြောင့်
အလွမ်း... ပြန်ချင်ဇောကြောင့်
နေ့ခင်း... အိပ်မက်ထဲမှာ
အတွေး... အိပ်မက်ထဲမှာ
အိမ်ပြန်ဖြစ်တယ်
အလွမ်း... ပြန်ချင်စိတ်ကြောင့်
အလွမ်း... ပြန်ချင်ဇောကြောင့်
နေ့ခင်း... အိပ်မက်ထဲမှာ
အတွေး... အိပ်မက်ထဲမှာ
အိမ်ပြန်ဖြစ်တယ်
အိမ်ပြန်ချင်တဲ့ အလွမ်း...
Поcмотреть все песни артиста
Sanatçının diğer albümleri