Eternal Gosh - Lamin Yay Taw Tan Chin şarkı sözleri
Sanatçı:
Eternal Gosh
albüm: The Red Sky
သူစိမ်းလို့ မပြောပါနဲ့
ရင်းနှီးချင်သူ အပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာ အခွင့်မသာခဲ့ရင်
နောက်ဆုတ်သွားမှာပါ
မောင်းထုတ်ပစ်လိုက်မှာလား
ကစားဖို့အရုပ်တစ်ရုပ်ရသလိုပျော်ပြီး
မင်းကစားတော့မှာလား
စေတနာထား ရက်စက်တော့မှာလား
အိပ်မက်ထဲမှာပဲ နေပါရစေကွယ်
ဝင်မလာစေချင်လည်းကွယ်
အရသာရှိစွာ ခံယူဦးမယ်
အလွမ်းက တဆတ်ဆတ်နာတယ်
တကယ်ဆို တားဆီးထားတဲ့
စည်းတွေရှိတာ ငါနားလည်ပါတယ်
အို မင်းကသနားရင်တော့ ဇွဲဆု
ငါကံမကောင်းခဲ့ရင်
လမင်းလေး
မင်းကတော့ သိနိုင်မယ်မထင်ဘူး
ငါမင်းကို ညစဉ်ကြိတ်ပြီးရူး
ရင်ထဲမှာ မောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့ သိနိုင်မယ်မထင်ဘူး
အခွင့်အရေးလေးရှိရင်
မင်းရှေ့မှောက် ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ
ရှိချင်ခဲ့တာ
ငါမြတ်နိုးလွန်းလို့
♪
သူစိမ်းလို့မပြောပါနဲ့
ရင်းနှီးချင်သူ အပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာ အခွင့်မသာခဲ့ရင်
နောက်ဆုတ်သွားမှာပါ
သစ္စာအဓိပတိ အနမ်းများခြွေရာ
ငါ့နှလုံးသားဥယျာဉ်က
တစ်လောကလုံးသိအောင်
အော်ပြောလိုက်ချင်တယ်
မင်းကိုတန်ဖိုးထားတဲ့ အကြောင်းတွေကို
အိပ်မက်ထဲမှာပဲ နေပါရစေကွယ်
ဝင်မလာစေချင်လည်းကွယ်
အရသာရှိစွာ ခံယူဦးမယ်
အလွမ်းက တဆတ်ဆတ်နာတယ်
တကယ်ဆို တားဆီးထားတဲ့
စည်းတွေရှိတာကို နားလည်ပါတယ်
အို မင်းကသနားရင်တော့ ဇွဲဆု
ငါကံမကောင်းခဲ့ရင်
လမင်းလေး
မင်းကတော့ သိနိုင်မယ်မထင်ဘူး
ငါမင်းကို ညစဉ်ကြိတ်ပြီးရူး
ရင်ထဲမှာ မောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့ သိနိုင်မယ်မထင်ဘူး
အခွင့်အရေးလေးရှိရင်
မင်းရှေ့မှောက် ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ
ရှိချင်ခဲ့တာ
ငါမြတ်နိုးလွန်းလို့
♪
Aww
♪
လမင်းလေး
မင်းကတော့ သိနိုင်မယ်မထင်ဘူး
ငါမင်းကို ညစဉ်ကြိတ်ပြီးရူး
ရင်ထဲမှာ မောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့ သိနိုင်မယ်မထင်ဘူး
အခွင့်အရေးလေးရှိရင်
မင်းရှေ့မှောက် ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ
ရှိချင်ခဲ့တာ
ငါမြတ်နိုးလွန်းလို့
Поcмотреть все песни артиста
Sanatçının diğer albümleri