Eternal Gosh - Dejavu şarkı sözleri
Sanatçı:
Eternal Gosh
albüm: ခြောက်ထောင့်ကြယ်
စိတ်က ကြိုရောက်နှင့်နေပြီးသားလိုပဲ
ဒီစကားပြောနေတဲ့ အခိုက်အတန့်မှာ ပြုတ်ကျခဲ့တဲ့
ပစ္စည်းကို အိပ်မက်ထဲမှာပဲ ငါကောက်ခဲ့တာလား
မဟုတ်ရင် ဦးနှောက်မှတ်ဉာဏ်တို့ ချို့ယွင်းသွားတာလား
ထူးဆန်းတယ်
သြော်
မေးလို့မရတဲ့ မေးခွန်းများကို မေးမိနေဆဲ
လောကကြီးသာ စကားပြောတတ်ရင် သိပ်ကောင်းမှာပဲ
အဲ့လိုမျိုး အဖြစ်အပျက်တွေ မင်းတို့ဖြစ်သလား
အဲ့လိုမျိုး အဖြစ်အပျက်တွေ မင်းကြုံဖူးသလား
Dejavu နတ်ဆိုး
ခန္ဓာကိုယ်ထဲဝင်လာသလိုမျိုး
စိတ်ဝိရောဓိနဲ့
သိသလိုလို မသိသလိုလို
မှားသလိုလို မေ့သလိုလို
အရာရာကို သိနှင့်ထားခဲ့သလို
Dejavu အဖြစ်မျိုး
တစ်သက်လုံးငါ ဖြစ်ပစ်လိုက်ချင်
♪
အတိတ်ကနေ လှမ်းပြီး ခေါ်ပြောလိုက်သလိုပဲ
အနာဂါတ်ဖြစ်စဥ် တစ်ခုစီတိုင်းကို ရှင်းပြလိုက်တယ်
ဒီဘဝရဲ့ရှေ့ဘဝ အရင်တစ်ယောက်ငါပဲ အရင်ရှိနှင့်တာလား
မဟုတ်ရင် ပြီးခဲ့လေသောအရင်ဘဝမှာ စောင့်ကြည့်တာလား
ရူးသွားတယ်
ရူးသွားတယ်
Dejavu နတ်ဆိုး
ခန္ဓာကိုယ်ထဲဝင်လာသလိုမျိုး
စိတ်ဝိရောဓိနဲ့
သိသလိုလို မသိသလိုလို
မှားသလိုလို မေ့သလိုလို
အရာရာကို သိနှင့်ထားခဲ့သလို
Dejavu အဖြစ်မျိုး
တစ်သက်လုံးငါ ဖြစ်ပစ်လိုက်ချင်
♪
စိတ်ကနေ ဝါးစားတာ အနာဂါတ်
ငါ့ဦးနှောက်ကနေ ဝါးစားပစ်လိုက်တာ အတိတ်
စိတ်ကနေ ဝါးစားတာ အနာဂါတ်
ငါ့ဦးနှောက်ကနေ ဝါးစားပစ်လိုက်တာ အတိတ်
စိတ်ကနေ ဝါးစားတာ အနာဂါတ်
ငါ့ဦးနှောက်ကနေ ဝါးစားပစ်လိုက်တာ အတိတ်
Yeah
Поcмотреть все песни артиста
Sanatçının diğer albümleri