Phyu Phyu Kyaw Thein - Lann Kwel şarkı sözleri
Sanatçı:
Phyu Phyu Kyaw Thein
albüm: Chit Thu A Mone Kyain Sar
အတူလက်တွဲခဲ့တဲ့ ချစ်သူ
အတူစွန့်စားခဲ့တဲ့ ချစ်သူ
ကိုယ့်ရဲ့အနားမှာ အမြဲရှိသူ
ရေဆန်လမ်း မုန်တိုင်းထဲမှာ
ရင်ဆိုင်ဖို့ နောက်ဆုတ်သွားပြီ
လမ်းတဝက်အရောက်မှာ
ထားခဲ့တော့မလားလေ...
မင်းအချစ်တွေ ဒီအချိန် ပြောင်းလဲနေပြီလား
ယုံကြည်ချက်တို့ မြေမှာလဲပြို
အခုတော့ အားလုံးပဲ စွန့်လွှတ်ပြီလား
ကိုယ့်အိပ်မက်တွေ မျှော်လင့်ခြင်းတွေ
ပြန်ရုတ်သိမ်းခဲ့တဲ့ မင်းရဲ့ကတိတွေ
အပြစ်မတင်ရက်ပါ ကြင်နာသူရေ...
သွားမယ် မင်းမရှိတဲ့နေ့ရက်ထဲ
မင်းမရှိတဲ့လမ်းမထက်မှာ
ရင်ဆိုင်မယ် တစ်ယောက်ထဲ
ငါလေ နာကျင်စွာ ရှင်သန်မယ်
တို့နှစ်ယောက် ပြန်မဆုံတော့ဘူး
ဟိုမှာ တို့နှစ်ယောက်ရဲ့လမ်းခွဲလေး
မေ့နိုင်အောင် ကြိုးစားဖို့အတွက်
သိပ်ခက်နေပြီလေ
ဟိုမှာ တို့နှစ်ယောက်ရဲ့လမ်းခွဲလေး
နောက်ထပ် ပြန်မလာတော့ဘူး
သွားမယ် မင်းမရှိတဲ့နေ့ရက်ထဲ
မင်းမရှိတဲ့လမ်းမတွေထက်
သွားတော့မယ် တစ်ယောက်ထဲ
ငါလေ နာကျင်စွာ ရှင်သန်မယ်
တို့နှစ်ယောက် ပြန်မဆုံတော့ဘူး
အတူလက်တွဲခဲ့တဲ့ ချစ်သူ
အတူစွန့်စားခဲ့တဲ့ ချစ်သူ
ကိုယ့်ရဲ့အနားမှာ အမြဲရှိသူ
ရေဆန်လမ်း မုန်တိုင်းထဲမှာ
ရင်ဆိုင်ဖို့ နောက်ဆုတ်သွားပြီ
လမ်းတဝက်အရောက်မှာ
နင် ထားခဲ့တော့မလားလေ...
မင်းအချစ်တွေ ဒီအချိန် ပြောင်းလဲနေပြီလား
ယုံကြည်ချက်တို့ မြေမှာလဲပြို
အခုတော့ အားလုံးပဲ စွန့်လွှတ်ပြီလား
ကိုယ့်အိပ်မက်တွေ မျှော်လင့်ခြင်းတွေ
ပြန်ရုတ်သိမ်းခဲ့တဲ့ မင်းရဲ့ကတိတွေ
အပြစ်မတင်ရက်ပါ ကြင်နာသူရေ...
သွားမယ် မင်းမရှိတဲ့နေ့ရက်ထဲ
မင်းမရှိတဲ့လမ်းမထက်မှာ
ရင်ဆိုင်မယ် တစ်ယောက်ထဲ
ငါလေ နာကျင်စွာ ရှင်သန်မယ်
တို့နှစ်ယောက် ပြန်မဆုံတော့ဘူး
ုမှာ တို့နှစ်ယောက်ရဲ့လမ်းခွဲလေး
မေ့နိုင်အောင် ကြိုးစားဖို့အတွက်
သိပ်ခက်နေပြီလေ
ဟိုမှာ တို့နှစ်ယောက်ရဲ့လမ်းခွဲလေး
နောက်ထပ် ပြန်မလာတော့ဘူး
သွားမယ် မင်းမရှိတဲ့နေ့ရက်ထဲ
မင်းမရှိတဲ့လမ်းမတွေထက်
သွားတော့မယ် တစ်ယောက်ထဲ
ငါလေ နာကျင်စွာ ရှင်သန်မယ်
တို့နှစ်ယောက် ပြန်မဆုံတော့ဘူး
ဟိုမှာ တို့နှစ်ယောက်ရဲ့လမ်းခွဲလေး
မေ့နိုင်အောင် ကြိုးစားဖို့အတွက်
သိပ်ခက်နေပြီလေ
ဟိုမှာ တို့နှစ်ယောက်ရဲ့လမ်းခွဲလေး
နောက်ထပ် ပြန်မလာတော့ဘူး
သွားမယ် မင်းမရှိတဲ့နေ့ရက်ထဲ
မင်းမရှိတဲ့လမ်းမတွေထက်
သွားတော့မယ် တစ်ယောက်ထဲ
ငါလေ နာကျင်စွာ ရှင်သန်မယ်
တို့နှစ်ယောက် ပြန်မဆုံတော့ဘူး
နောက်တစ်ခါ တို့ပြန်မဆုံနိုင်တာ
အသည်းမှာ သိနေပြီကွာ...
Поcмотреть все песни артиста
Sanatçının diğer albümleri