နောက်ဆုံးနေ့များဆီထိ မေတ္တာတရားတွေ
ငါ့အပေါ် ထားနိုင်မလား
ငါ မျှော်လင့်မိပါတယ်
ငါ ယုံစားမိပါတယ်
ငါပဲ ရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ
ငါ့အပေါ် ပုံချလိုက်ပါတော့
ဘယ်တော့မှ လှည့်မကြည့်နဲ့
ဘာတစ်ခုမှ မငဲ့ညှာနဲ့
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
♪
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
♪
အခွင့်အရေးလည်း မရှိပါဘူး
မင်းခြေလှမ်းတွေ တခြားနေရာသွားချိန်မှာ
ဘယ်လို ငါက လိုက်ရှာမလဲ
ဘယ်လို ငါ တားဆီးနိုင်မလဲ
ငါပဲ စချစ်မိတာ အပြစ်ရှိသမျှ
ငါ့အပေါ် ပုံချလိုက်ပါတော့
ဒါဟာ ကိုယ့်ထိုက်ကိုယ့်ကံပဲ
ငါ ဘာတစ်ခုမှ မတတ်နိုင်ခဲ့
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
♪
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
♪
ဘယ်ဟာအမှန် ဘယ်ဟာအမှား
ချစ်အားကြီးတော့ ခွဲခြားမရ
သံကြိုးများလို ခိုင်မာတဲ့
နှောင်ဖွဲ့ထားသမျှ မေတ္တာကို
ငါ ဘယ်လိုဖြတ်မလဲ
♪
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
(မင်းအမြဲ ငါ့အပေါ်ရက်စက်ခဲ့)
လုပ်ပါ မင်း ငါ့အပေါ် အငြိုးကြီးတာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
♪
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
လုပ်ပါဟာ မင်း ငါ့အပေါ်အငြိုးကြီးတာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
♪
နောက်ဆုံးနေ့များဆီထိ
မေတ္တာတရားတွေ ငါ့အပေါ် ထားနိုင်မလား
ငါ မျှော်လင့်မိပါတယ်
ငါ ယုံစားမိပါတယ်
ငါပဲ ရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ
ငါ့အပေါ်ပုံချလိုက်ပါတော့
ဘယ်တော့မှ လှည့်မကြည့်နဲ့
ဘာတစ်ခုမှ မငဲ့ညှာနဲ့
Поcмотреть все песни артиста
Sanatçının diğer albümleri