Khin Maung Toe - Yoe Yoe Lay şarkı sözleri
Sanatçı:
Khin Maung Toe
albüm: Pan Taw Oo
ရိုးရိုးလေးသာဝတ်ခဲ့ပါလေ အေးမြလို့
ကျင်လည်ရာ လူ့လောကမှာ
အပူမီးနဲ့အတူ လှုပ်ရှားရုန်းကန်
ဟန်လုပ် ပြုံးရခြင်းတွေ
စွန့်ပစ်ခဲ့တယ် သွားကြမယ်လေဘုရားဖူးစို့
မောင်မယ်အတူ တောင်ဘက်မုဒ်က
လှေကားထစ်တွေ တက်ရင်းနဲ့လေ
ရေကြည့်ကြတာပေါ့
ရိုးရိုးလေးသာဝတ်ခဲ့ပါလေ အေးမြလို့
ပန်းတန်းနဲ့စောင်းတန်းသွယ်ဆီ မရောက်ခင်
ပန်းဝယ်မယ်ဆို နှင်းဆီကိုသာရွေးချယ်နော်
တမ်းတတဲ့လမ်းဆုံး ခေမာကမ်းဆီ
ဆုပန်ရွယ်သူနှစ်ဦး ပြိုင်တူသာရောက်စေသော်
အာရုံခံတန်ဆောင်း အောက်ဆိုရင်
မေရယ် နောက်ခြမ်းက နေစဉ်
မြင်သာမယ့်အပိုင်း ထိုင်ကွယ်
ရိုးရိုးလေးသာဝတ်ခဲ့ပါလေ အေးမြလို့
ကျင်လည်ရာ လူ့လောကမှာ
အပူမီးနဲ့အတူ လှုပ်ရှားရုန်းကန်
ဟန်လုပ် ပြုံးရခြင်းတွေ
စွန့်ပစ်ခဲ့တယ် သွားကြမယ်လေဘုရားဖူးစို့
မောင်မယ်အတူ တောင်ဘက်မုဒ်က
လှေကားထစ်တွေ တက်ရင်းနဲ့လေ
ရေကြည့်ကြတာပေါ့
ရိုးရိုးလေးသာဝတ်ခဲ့ပါလေ
အေးမြလို့
Поcмотреть все песни артиста
Sanatçının diğer albümleri