Kishore Kumar Hits

Wai La - Mee Taung Net Pinlal Shi Tat a Khan şarkı sözleri

Sanatçı: Wai La

albüm: A Di Pa Ti Phwar


အခန်းထဲမှာ
တစ်ခြမ်းပဲ့ယပ်တောင်တစ်ချောင်းနဲ့
ပန်းသီးပုပ်တစ်လုံးနဲ့
နာရီသံတွေ သေဆုံး အေးခဲ
ကွေ့ကောက်တွန့်လိမ်သွားတဲ့
အသေးစားအတ္တများက
ဖုန်တွေပေပြီး လဲလျောင်းနေတယ်
အခန်းထဲမှာ
ထင်းရှူးသေတ္တာတစ်လုံးနဲ့
ကက်ဆက်တိပ်ခွေတစ်ချို့နဲ့
ရင်ခုန်သံတွေ ကြပ်ခိုးမှိုင်းစွဲ
ခရီးသွားမိုးတိမ်တစ်ခုက
တံခါးပေါက်နားမှာရပ်လို့
ဘာတွေရှိမလဲ ချောင်းကြည့်နေတယ်
အခန်းထဲမှာ
ပိုးစားပဲ့ကြွေသွားတဲ့
နှစ်ချို့ပြက္ခဒိန်အဟောင်းရဲ့
ဘာသာပြန်ရင် ရှုပ်ထွေးသွားမယ်
မီးတောင်အသေကြီးတစ်ခုလို
အားလုံးကို လျှို့ဝှက်ထားတယ်
အခန်းထဲမှာ

အခန်းထဲမှာ
ဓားထက်ထက်တစ်ချောင်းနဲ့
မှားလက်စတွေအပြည့်နဲ့
ဒဏ်ရာတွေကို ချိတ်ဆွဲထားတယ်
စိတ်ထည့်ကူးခပ်ရင်းနဲ့
အမောဆို့ နစ်မြုပ်သွားတဲ့
ပင်လယ်တစ်ခုလည်း ရှိလို့နေရဲ့
အခန်းထဲမှာ
ထင်းရှူးသေတ္တာတစ်လုံးနဲ့
ကက်ဆက်တိပ်ခွေတစ်ချို့နဲ့
ရင်ခုန်သံတွေ ကြပ်ခိုးမှိုင်းစွဲ
ခရီးသွားမိုးတိမ်တစ်ခုက
တံခါးပေါက်နားမှာရပ်လို့
ဘာတွေရှိမလဲ ချောင်းကြည့်နေတယ်

အခန်းထဲမှာ
ဓားထက်ထက်တစ်ချောင်းနဲ့
မှားလက်စတွေအပြည့်နဲ့
ဒဏ်ရာတွေကို ချိတ်ဆွဲထားတယ်
စိတ်ထည့်ကူးခပ်ရင်းနဲ့
အမောဆို့ နစ်မြုပ်သွားတဲ့
ပင်လယ်တစ်ခုလည်း ရှိလို့နေရဲ့
အခန်းထဲမှာ
ပိုးစားပဲ့ကြွေသွားတဲ့
နှစ်ချို့ပြက္ခဒိန်အဟောင်းရဲ့
ဘာသာပြန်ရင် ရှုပ်ထွေးသွားမယ်
မီးတောင်အသေကြီးတစ်ခုလို
အားလုံးကို လျှို့ဝှက်ထားတယ်
အခန်းထဲမှာ

အခန်းထဲမှာ

Поcмотреть все песни артиста

Sanatçının diğer albümleri

Benzer Sanatçılar