Khup Pi - Ma Yat Sat Par Nae şarkı sözleri
Sanatçı:
Khup Pi
albüm: Pa Ka Di
ဒဏ်ရာတွေများတော့ နင်မုန်းမယ်မထင်လိုက်နဲ့
ဒီထက်ပိုချစ်ဖို့ ငါပြင်ဆင်ပြီးသား
နင်ဒဏ်ရာတွေပေးလည်း ငါရဲ့နှလုံးအိမ်ထဲ
ငါပြုံးလို့နေလိုက်မယ် အို နာကျင်နေရလည်း
ကြယ်တွေမကြွေတဲ့ ငါ့ရင်မှာ
အကြိမ်၂ဆုတောင်းမိနေတာ
နင်မုန်းလို့သွားမှာ ငါကြောက်လို့
မရက်စက်ပါနဲ့
တခေါက်လောက် နင်ယုံကြည်ပေးနိုင်မလား
ဒီကမင်းအတွက် အချစ်တွေဟာ
အရောင်မဆိုးထားတဲ့ အချစ်တွေပါ
မရက်စက်ပါနဲ့
တခေါက်လောက် နင်နားလည်ပေးနိုင်မလား
ဒီနှလုံးသားရဲ့ တောင်းဆိုရာ
နင်ကလွဲပြီး မရှိတာပါ ယုံပါ
ငါတကယ် မျှော်လင့်ခဲ့ မင်းရဲ့ အချစ်များပဲ
အို အမုန်းဆုလာဘ်များနဲ့ နင်ဘယ်လို ချန်ထားခဲ့
နင်အတွေးမှာ တကြိမ်လောက်တော့
ငါရှိမယ်ဆိုရင်ပေါ့ ဒီခဏတာဘဝထဲ
သေပျော်ပြီ ငါ့အတွက်
တကြိမ်တခါတော့ ငါ့ကိုကွာ
စာနာနိုင်မလား ချစ်သူရာ
အစောဆုံးအချစ်မို့ ငါရူးသွပ် လို့ပါ
မရက်စက်ပါနဲ့
တခေါက်လောက် နင်ယုံကြည်ပေးနိုင်မလား
ဒီကမင်းအတွက် အချစ်တွေဟာ
အရောင်မဆိုးထားတဲ့ အချစ်တွေပါ
မရက်စက်ပါနဲ့
တခေါက်လောက် နင်နားလည်ပေးနိုင်မလား
ဒီနှလုံးသားရဲ့ တောင်းဆိုရာ
နင်ကလွဲပြီး မရှိတာပါ ယုံကြည်ပါ
ဟူး တချက်လောက် ငဲ့နိုင်မလား
နင်ရှိမှ ဖြစ်မယ့်ဘဝ
နင်ပေးတဲ့အချစ်ကို ငါတောင်းတလိုနေတာ
မရက်စက်ပါနဲ့
တခေါက်လောက် နင်ယုံကြည်ပေးနိုင်မလား
ဒီကမင်းအတွက် အချစ်တွေဟာ
အရောင်မဆိုးထားတဲ့ အချစ်တွေပါ
မရက်စက်ပါနဲ့
တခေါက်လောက် နင်နားလည်ပေးနိုင်မလား
ဒီနှလုံးသားရဲ့ တောင်းဆိုရာ
နင်ကလွဲပြီး မရှိတာပါ ယုံပါ
ဟူး... ယုံပါ
Поcмотреть все песни артиста
Sanatçının diğer albümleri